ကိုယ်နေထိုင်တဲ့ အိမ်ခန်း၊ တိုက်ခန်းကို မျက်နှာစာပြုရာတွင် ရှောင်ကြဥ်သင့်တဲ့ အရပ် by sithumin November 13, 2020 General Real Estate Knowledge 0 ကိုယ်နေထိုင်တဲ့ အိမ်ခန်း၊ တိုက်ခန်းကို မျက်နှာစာပြုရာတွင် ရှောင်ကြဥ်သင့်တဲ့ အရပ်မျက်နှာမျာ ကိုယ်နေထိုင်တဲ့ အိမ်ခန်း၊ တိုက်ခန်းကို မျက်နှာစာပြုရာတွင် ရှောင်ကြဥ်သင့်တဲ့ အရပ်မျက်နှာများအား Union House Myanmar ကနေ ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ် … မိမိတို့နေသည့် နေအိမ်၊ တိုက်ခန်း၊ ကွန်ဒိုအခန်းစသည်တို့သည်မည်သည့် အရပ်မျက်နှာဘက်သို့ မျက်နှာမူထားသည်ကို သတိပြုရပါမည်။ အောက်ဖော်ပြသည့်အရပ်ဘက်သို့ မျက်နှာစာပြုထားသော အိမ်ခြံမြေများအတွက်မကောင်းကျိုးများ ခံစားရတတ်ပေသည်။ ရှာဖွေသမျှစီးပွား အဆင်မပြေနိမ့်ပါးသွားတတ်ပါသည်။ အိမ်ထောင်ရေးဒုက္ခ၊ လူမှုရေးဒုက္ခ၊ ကျန်းမာရေးဒုက္ခ၊ ငွေကြေးဒုက္ခများ ကြုံရတတ်ပါသောကြောင့် ရှောင်ကြဉ်သင့်ပေသည်။ ရှေးထုံးကိုလည်းမပယ်နှင့်၊ ဈေးသုံးလည်းမလွယ်နှင့်ဆိုသည့်အတိုင်း လိုက်နာသင့်သည်များလည်းရှိသည့်အတွက် ရှောင်ရှားနိုင်ပါက အကောင်းဆုံးဖြစ်ပေမည်။ မြန်မာလူမျိုး များ၏မွေးဖွားရာ နေ့နံအလိုက်ဖော်ပြပေးထားခြင်းဖြစ်ပါသည်။မျက်နှာစာပြုရာတွင် ရှောင်ကြဉ်သင့်သော အရပ်မျက်နှာများတနင်္ဂနွေသားသမီး – တောင်စူးစူးတနင်္လာသားသမီး – အနောက်တောင်စူးစူးအင်္ဂါသားသမီး – အနောက်စူးစူးဗုဒ္ဓဟူးသားသမီး – အနောက်မြောက်စူးစူးကြာသပတေးသားသမီး – အရှေ့မြောက်စူးစူးသောကြာသားသမီး – အရှေ့တောင်စူးစူးစနေသားသမီး – မြောက်စူးစူးရာဟုသားသမီး – အရှေ့စူးစူး စသဖြင့်မျက်နှာမူရာအရပ်ကို ရှောင်ကြဉ်၍ဝယ်ယူနိုင်ပါသည်။မျက်နှာစာဆိုသည်မှာ အိမ်၊ တိုက်၊ ကွန်ဒိုတိုက်ခန်း..… စသည်တို့၏ မျက်နှာစာပြုထားသော အရပ်မျက်နှာကို ဆိုလိုပါသည်။ အိမ်၏ဝင်ပေါက်၊ ထွက်ပေါက်ကို မဆိုလိုပါ။ အချို့တိုက်များတွင် ဘေးဘက်မှဝင်သည်များ ရှိကြပါသည်။ ကိုယ်ပိုင်အိမ်များတွင်လည်း ဘေးဘက်မှအဝင်အထွက်လုပ်သည်များ ရှိပါသည်။ ယခု မျက်နှာစာ အရပ်ဆိုသည်မှာ အိမ်၊တိုက်ခန်း၊ကွန်ဒို မျက်နှာမူထား သောအရပ်ကိုသာ ဆိုလိုပါသည်။သာယာချမ်းမြေ့တဲ့ အိမ်ခန်း၊ တိုက်ခန်းလေးကို ပိုင်ဆိုင်နိုင်ကြပါစေ … Credit to original up-loader#Union_House_Myanmar#Union_House_Myanmar_Always_For_All#Real_Estate_Knowledge
Join The Discussion