author Call Us: 09503 2256

မိမိပိုင်မြေအား အခြားမြေပိုင်ရှင်မှ ကျုးကျော်ထားခြင်း ရှိ/ မရှိသိလိုပါက … ?

မိမိပိုင်မြေအား အခြားမြေပိုင်ရှင်မှ ကျုးကျော်ထားခြင်း ရှိ/ မရှိသိလိုပါက … ?

မိမိပိုင်မြေအား အခြားမြေပိုင်ရှင်မှ ကျုးကျော်ထားခြင်း ရှိ/ မရှိသိလိုပါက … ?

ဒီနေ့ခေတ်မှာ မြေလေးတစ်ကွက်ပိုင်ထားပြီဆိုတာနဲ့ စိတ်မအေးရပြန်ပါဘူး။ လိမ်လည်သူတွေ ရှိတတ်လေတော့ မဝယ်ခင်ရော … ဝယ်ပြီးတဲ့အခါမှာရော သတိထားရပါတယ်။ ဒါကြောင့်မို့ စိတ်အေးလက်အေးနေနိုင်ဖို့ ဒါလေးတွေကို ဖတ်ထားသင့်ပါတယ် ☺️
မြေအသုံးပြုခွင့် ရရှိထားတဲ့ မြေကွက်ကို မြေကွက်ဧရိယာပြန်လည်စိစစ်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ စတာတွေအတွက် မြေတိုင်းတာခြင်း၊ မြေ၏တည်နေရာနှင့် အနား၄ရပ်အား အတည်ပြုရန် အဆောက်အအုံ ဆောက်လုပ်မိန့်တင်ပြရန်၊ အဆောက်အအုံပြင်ဆင်ခွင့်တင်ပြရန်၊ ခြံစည်းရိုးကာရံခွင့် တင်ပြရန်၊ အဝီစိတွင်းတူးခွင့်တင်ပြရန်၊ ဘဏ်ငွေချေးခွင့် တင်ပြရန်၊ မြေကွက်ခွဲစိတ်ခွင့်မိန့် လျှောက်ထားရန်၊ ကျုးလွန်ခြင်းပြမြေပုံလျှောက်ထားရန်၊ အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်၊ စွန့်လွှတ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်၊ အမွေဆက်ခံပိုင်ဆိုင် ကြောင်း ကြေညာမှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်၊ မြေကွက်လဲလှယ် မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်၊ ပစ္စည်းခွဲဝေခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်၊ မေတ္တာဖြင့်အပိုင်ပေး မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်၊ လှူဒါန်းခြင်းမှတ်ပုံတင် စာချုပ်ချုပ်ဆိုရန်၊ အမှားပြင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်၊ မှတ်တမ်းအဖြစ်ထားရှိရန်နှင့် တရားရုံးတင်ပြရန် ကိစ္စရပ်များအတွက်မြေပုံ၊မြေရာဇဝင်အား သက်ဆိုင်ရာ မြေစီမံခန့်ခွဲရေးဌာနမှသတ်မှတ်ပုံစံ နှင့်အတူ အောက်ပါအချက်အလက်များနှင့် ပူးတွဲလျှောက်ထားရမှာပဲဖြစ်ပါတယ်။ 📑
*မြေအမည်ပေါက်သူမှ လျှောက်ထားခြင်း*
(၁) နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ (မူရင်းတင်ပြရန်)
(၂) အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ၆၆/ ၆)မိတ္တူ (မူရင်းတင်ပြရန်)
(၃) မြေပိုင်ဆိုင်မှုနှင့်ပက်သက်သည့် ခိုင်လုံသော အထောက်အထားစာရွက်စာတမ်းမိတ္တူ။ (မူရင်းတင်ပြရန်)
*အမည်မပေါက်သူမှ လျှောက်ထားခြင်း*
(၁) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (မူရင်းတင်ပြရန်)
(၂) အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ ၆၆/၆) မိတ္တူ (မူရင်းတင်ပြရန်)
(၃) မြေပိုင်ဆိုင်မှုနှင့် သက်ဆိုင်သည့် ခိုင်လုံသော အထောက်အထားစာချုပ်စာတမ်း မိတ္တူ(မူရင်းတင်ပြရန်)
(၄) အမွေဆက်ခံခွင့်ရှိကြောင်း ပြည့်စုံစွာရေးသားထားသည့်ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာနှင့် အမွေဆက်ခံခွင့်နှင့် သက်ဆိုင်သည့် အခြားအထောက်အထားများ(အမွေဆက်ခံခြင်းဆိုင်ရာ ကိစ္စရပ်များ အတွက် သာဖြစ်ပါတယ်။)
(၅) အမည်ပေါက်သူ သို့မဟုတ် အမွေဆက်ခံခွင့်ရှိသူ သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသူက လွှဲအပ်ထားသည့် အထွေထွေကိုယ်စားလှယ်လွှဲစာ သို့မဟုတ် အထူးကိုယ်စားလှယ်လွှဲစာ မိတ္တူ (မူရင်းတင်ပြရန်)။
img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion