author Call Us: 09503 2256

မီးအာမခံထားရှိခြင်း

မီးအာမခံထားရှိခြင်း

မီးအာမခံ ဘာကြောင့်ထားသင့်သလဲ

လူကြီးမင်းတို့၏ နေအိမ်၊အဆောက်အအုံ၊ ပိုင်ဆိုင်မှုတွေကို မီးနဲ့အခြားအန္တရာယ်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေ အတွက် မီးအာမခံသည် မရှိမဖြစ်အရေးပါသော အရာတစ်ခုဖြစ်ပါတယ်ခင်ဗျာ။

မီးအာမခံထားရှိခြင်းကြောင့် လူကြီးမင်းတို့ရဲ့ အဆောက်အအုံ၊ ပိုင်ဆိုင်မှုများအတွက်

– မတော်တဆလောင်ကျွမ်းသောမီး
– အခြားမှ ကူးစက်၍လောင်ကျွမ်းသောမီး
– မိုးကြိုးပစ်ခြင်းကြောင့် လောက်ကျွမ်းသောမီး
– အိမ်သုံးဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လောင်ကျွမ်းသောမီးများ အစရှိသည်တို့ကြောင့် ပျက်စီးဆုံးရှုံးခြင်းတို့အတွက် လျော်ကြေးပြန်လည်ရရှိနိုင်သည့်အပြင်

– မီးသတ်ရာတွင် အသုံးပြုသည့် မီးသတ်ဆေးကြောင့်ဖြစ်စေ၊ ရေ ကြောင့်ဖြစ်စေ ပစ္စည်းများပျက်စီးခြင်း
– မီးလောင်နေ့သည့် အဆောက်အအုံအတွင်းမှ ပစ္စည်းများ ရွှေ့ပြောင်းစဉ် ပျက်စီးခြင်း
– မီးသတ်ဝန်ထမ်းများက တာဝန်အရ တရားဝင်ဆောင်ရွက်ရာမှ ပျက်စီးခြင်း
– မီးလောင်မှုကြောင့် အမိုးများ၊ ကြမ်းခင်းများ၊ နံရံများ ပြိုကျရာမှပျက်စီးခြင်း
– မီးလောင်မှုနေစဉ် အဆောက်အအုံအတွင်းမှ ပစ္စည်းများ ပြင်ပတွင်စုပုံထားရှိစဉ်အချိန်အတွင်း မိုးရေကြောင့်ဖြစ်စေ၊ ရာသီဥတုကြောင့်ဖြစ်စေ ပျက်စီး ခြင်း ထိုကဲ့သို့သော ပျက်စီးဆုံးရှုံးမှုများအတွက်လည်း လျော်ကြေးပြန်လည်ရရှိနိုင်မှာပဲဖြစ်ပါတယ်။

မီးအာမခံသက်တမ်းမှာ အာမခံထားသူ စိတ်ကြိုက် သက်တမ်း (၁၀)ရက်မှ (၁)နှစ် အထိ ရွေးချယ်ထားနိုင်ပြီး အဆောက်အအုံအမျိုးအစား၊ အသုံးပြုပုံနဲ့ ပတ်ဝန်းကျင်အခြေအနေ အပေါ်မူတည်၍ မီးအာမခံ Premium နှုန်းထား သတ်မှတ်ထားပါတယ်။

မီးအာမခံအပြင်တွဲဖက်၍

– အဓိကရုဏ်း၊ သပိတ်မှောက်ခြင်းနှင့် မသမာဖျက်ဆီးမှု
– လေယာဉ်ကြောင့် ထိခိုက်ပျက်စီးမှု
– မြေကျွံခြင်း၊ မြေပြိုခြင်း၊ မြေငလျင်ကြောင့်မီးလောင်းခြင်၊ ပြိုအက်ပျက်စီးခြင်းပေါက်ကွဲပျက်စီးခြင်း
– အလိုအလျောက်မီးစွဲလောင်မှု
– လေပြင်းမုန်တိုင်းအမျိုးမျိုး
– ရေကြီးခြင်း၊ ရေလျှံခြင်း
– ဖောက်ထွင်းခိုးယူမှု
– စစ်ဘေးအန္တရာယ် အစရှိတဲ့ အပိုကာကွယ်မှုများကိုလည်းထပ်မံဝယ်ယူနိုင်ပါတယ်။

ဆောက်လုပ်ဆဲအဆောက်အဉီးများအတွက်လည်း ၈၀% ပြီးစီးပါက အာမခံထားလို့ရနိုင်ပါတယ်။ ငှားရမ်းထားသော အိမ်၊ စက်ရုံ၊ ဈေးဆိုင်နှင့် တိုက်ခန်းများအတွက်လည်း အငှားစာချုပ်တင်ပြပါက မီးအာမခံထားနိုင်ပါတယ်။

Union House Myanmar မှ ဝေမျှပေးလိုက်တဲ့ မီးအာမခံနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကလူကြီးမင်းတို့အတွက်
အသုံးဝင်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာ။

#Union_House_Myanmar
#Union_House_Myanmar_Always_for_All

img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion