author Call Us: 09503 2256

မြန်မာ့ထုံးတမ်းဖြစ်သော အိမ်သစ်တက်ပွဲအကြောင်းနှင့် အိမ်သစ်တက်ပွဲပြုလုပ်ရာတွင် ရှောင်ကြဉ်သင့်သည်များ

မြန်မာ့ထုံးတမ်းဖြစ်သော အိမ်သစ်တက်ပွဲအကြောင်းနှင့် အိမ်သစ်တက်ပွဲပြုလုပ်ရာတွင် ရှောင်ကြဉ်သင့်သည်များ

မြန်မာ့ထုံးတမ်းဖြစ်သော အိမ်သစ်တက်ပွဲအကြောင်းနှင့် အိမ်သစ်တက်ပွဲပြုလုပ်ရာတွင် ရှောင်ကြဉ်သင့်သည်များ

မြန်မာ့ရိုးရာယဉ်ကျေးမှုအရ အိမ်အသစ်ဆိုရင် ပြုလုပ်ရတဲ့ ဓလေ့လေးတွေ ရှိတတ်ပါတယ်။ ဒီထဲကမှ အခုချိန်ထိလည်း မပျောက်ပျက်ဘဲ လုပ်နေကြဆဲဖြစ်တဲ့ အိမ်သစ်တက်ပွဲ ထုံးတမ်းမင်္ဂလာအကြောင်းလေးကို Union House Myanmar ကနေ ဝေမျှပေးချင်ပါတယ် ☺️

တခြားသော နိုင်ငံအများအပြားမှာလည်း အိမ်သစ်တက်ပွဲမင်္ဂလာ ပြုလုပ်လေ့ရှိကြပါတယ်။ အိမ်တစ်အိမ် ဆောက်လုပ်ရာမှာ အတိတ်ကောင်း၊ နိမိတ်ကောင်းဖြစ်ဖို့ အရေးကြီးသလို ဆောက်လုပ်ပြီးအိမ်တွေကို ပြောင်းရွှေ့နေထိုင်တဲ့အခါမှာလည်း အချိန်ကောင်း၊ အတိတ်ကောင်း၊ နိမိတ်ကောင်းတွေ ဖြစ်ဖို့ကို ရည်ရွယ်ပြီး ပြုလုပ်ကြတာ ဖြစ်ပါတယ် 🥰

🏠 အိမ်တက်မင်္ဂလာဆိုတာက အိမ်သစ် အိမ်ဟောင်းကိုဆိုလိုခြင်းမဟုတ်ပါပဲ နေရာသစ်ကိုသာ အဓိကဆိုလိုခြင်းဖြစ်ပါတယ် 🏠

မြန်မာမှာတော့ များသောအားဖြင့် နံနက်အခါမျိုးမှာ အိမ်နေရာသစ်အိမ်ကို ရဟန်းသံဃာတော်တွေ ပင့်ဖိတ်ပြီး ဆွမ်းကပ်ခြင်း၊ လှူဖွယ်ဝတ္ထု အစုစုတို့ကို လှူဒါန်းခြင်း၊ ဖိတ်ထားသော ဧည့်သည်များကို ဧည့်ခံကျွေးမွေးခြင်း၊ ပရိတ်တရားတော်တို့ကို နာယူခြင်း၊ သတ္တဝါတို့ကို အမျှပေးဝေခြင်း၊ သာဓုခေါ်ခြင်း စတဲ့ ဒါန သီလကောင်းမှုအဖြာဖြာတွေကို အမြတ်တနိုး ပြုလုပ်လေ့ရှိကြပါတယ် 😇

တချို့ကတော့ ညနေချမ်းအခါမှာ သံဃာတော်များကိုပင့်ဖိတ်ပြီး သရဏဂုံသီလ ဆောက်တည်ကြလျက် အန္တရာယ်ကင်းပရိတ်နာခြင်း၊ လှူဖွယ်ဝတ္ထုများ လှူဒါန်းခြင်း၊ ရေစက်ချအမျှဝေခြင်း စတာတွေကို ပြုလုပ်ပြီး အိမ်တက်မင်္ဂလာပွဲဆင်နွှဲကြလေ့ရှိပါတယ် 😃

အိမ်တက်မင်္ဂလာပွဲ ဆင်နွှဲလှူဒါန်းခြင်းဟာ ဘုရားရှင်လက်ထက်တော်ကတည်းက စတင်ပြီး ယနေ့တိုင်အောင် လက်ခံကျင့်သုံးလျက်ရှိသော ထေရဝါဒဗုဒ္ဓဘာသာရဲ့ ယဉ်ကျေးမှုတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သတိထားဆောင်ရွက်ရမယ့်အရာများလည်း ရှိပါသေးတယ် 🧐

အိမ်ဆောက်ပြီး (၆)လအတွင်း အိမ်တက်မင်္ဂလာ ပြုလုပ်ရမည်

အိမ်ဆောက်လုပ်သည့်နေ့ကနေ စတင်ပြီးတော့ ၆ လလွန်သည်အထိ အိမ်သစ်တက်ခြင်း၊ အိမ်ပြောင်းရွှေ့ခြင်းများကို မပြုလုပ်ရတော့ပါဘူး။ ဆောက်လုပ်ပြီးစီးသည့်နေ့ကနေ ၆လအတွင်း အိမ်တက်မင်္ဂလာကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ကျီးမနားစေရ

အိမ်ဆောက်လုပ်စချိန်ကစလို့ အိမ်သစ်မတက်ခင်အချိန်ထိ “ကျီးမနားစေနှင့်” ဆိုတဲ့ ရှေးစကားပုံအတိုင်းပါပဲ။ ကျီးမနားစေနဲ့ ဆိုတာကတော့ မိမိရဲ့သားပျို၊ သမိးပျိုသော်လည်းကောင်း၊ အခြားသော ယောက်ျား၊မိန်းမတို့သည် လည်းကောင်း ဆောက်လုပ်ပြီး ဆောက်လုပ်ဆဲအိမ်တွင် မေထုန်သံဝါသပြုခြင်း ကို ကျီးနားသည်ဟုဆိုလိုတာ ဖြစ်ပါတယ်။ ဒီလိုမျိုး အိမ်သစ်မတက်မှီ မပြုသင့်ကြောင်းကို ကျီးမနားစေနှင့် ဟုဆိုလိုတာပါ။ ကျက်သရေမင်္ဂလာ ယုတ်ညံ့စေနိုင်သည်ဟု အယူရှိကြလို့ပါ။

အိမ်သစ်တက်မယ့်နေ့တွင် သပြေသားကို အဆောင်ပြု

အိမ်သစ်တက်မည့်နေ့တွင် အိမ်ရှင်မိသားစုက ဦးစီးပြီး သပြေသားကို အဆောင်ပြုရပါမယ်။ သပြေသားကို ဆောင်ရခြင်းမှာ အိမ်သစ်တက်လျှင် သစ်၊ ဝါး စတာတွေရဲ့ ချွတ်ယွင်းချက်များ၊ အပြစ်အနာအဆာများ ကင်းစင်လွင့်ပျောက်ကုန်ပြီး မင်္ဂလာကျက်သရေ တိုးတက်စေမှာ ဖြစ်ပါတယ်။

မြန်မာ့ယဉ်ကျေးမှုအရ အိမ်သစ်တက်ပွဲဓလေ့အကြောင်းလေး ဗဟုသုတအနေနဲ့ ဝေမျှပေးခဲ့ခြင်း ဖြစ်ပါတယ်။ Union House Myanmar ကို ဆက်သွယ်ပြီး ဝယ်ယူနိုင်မယ့် အိမ်ခြံမြေ အခွင့်အလမ်းလေးကတော့ တကယ့်အချက်အချာကျ နေရာတစ်ခုဖြစ်တဲ့ လှိုင်သာယာအဝေးပြေးကွင်းနဲ့ ဒဂုံဧရာပွဲရုံနားမှာ ဆိုင်ခန်းနှင့် လူနေပွဲရုံများ ဝယ်ယူလို့ရပါပြီ … ဒဂုံဧရာ ကားဝင်း ဝင်ဝင်ခြင်း ဘယ်ဘက်ခြမ်း စည်ပင်ရုံးဘေးမြေကွက်အနီး ဖြစ်ပါတယ် 🤩 အခုပဲ ဖုန်းလေးတစ်ချက်ဆက်လို့ ဆက်သွယ်လိုက်ပါတော့နော် 😉

img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion