author Call Us: 09503 2256

ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆောက်အအုံများ ဆောက်လုပ်မည်ဆိုပါလျှင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆောက်အအုံများ ဆောက်လုပ်မည်ဆိုပါလျှင်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆောက်အအုံများ ဆောက်လုပ်မည်ဆိုပါလျှင်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဂရန်အမည်ပေါက် မြေပေါ်၌ ကိုယ်တိုင်အိမ်ရာ ဆောက်လုပ်ခွင့်ကို ဌာန၏ အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းနှင့် ညီညွတ်စွာ လျှောက်ထားတယ်ဆိုရင် ပတ်ဝန်းကျင်နေအိမ်များရဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ကန့်ကွက်မှုများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် လက်ခံစဉ်းစားပေးမှာ မဟုတ်ပါဘူး 🏢
တည်ဆဲအဆောက်အအုံဆိုင်ရာ သတ်မှတ်ချက်အရ (၄)ထပ်အောက် မိသားစုလုံးချင်းပုံစံ အဆောက်အအုံများ ကို ဂရန်အမည်ပေါက်ကိုယ်တိုင် ဆောက်လုပ်နိုင်ရန် စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရပါတယ် 🏬
မြေကွက်သည် ပေ ၄၀ – ပေ ၆၀ အထက်ကျယ်ဝန်းပါက …
• ဆောက်လုပ်မည့် အဆောက်အအုံ၏ အရှေ့ဘက်တွင် မိမိပိုင်မြေနယ်နိမိတ်မှ အဆောက်အအုံနံရံအထိ ၁၂ ပေချန်၍ လည်းကောင်း၊
• အနောက်ဘက်တွင် နောက်ဖေးလမ်းကြားရှိပါက မိမိပိုင် မြေနယ်နိမိတ်မှ တစ်ပေအသားတင်ချန်ရန်နှင့်
• နောက်ဖေး လမ်းကြားမရှိပါက မိမိပိုင်မြေနယ်နိမိတ်မှ အဆောက် အအုံအထိ ခြောက်ပေချန်၍ လည်းကောင်း၊ ဘေးနှစ်ဖက်တွင်တံစက်မြိတ်မှ သုံးပေစီချန်၍လည်းကောင်း ဆောက်လုပ်ခွင့်ပြုပါကြောင်း
ယင်းသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ပုံစံဖြစ်ပါက ကပ်လျက်မြေကွက်များ၏ ထောက်ခံချက်တင်ပြရန် မလိုဘဲ ဆောက်လုပ်ခွင့်ပြုတာဖြစ်ပါတယ်။
မြေကွက်သည် ပေ ၄၀ – ပေ ၆၀ ထက်ငယ်ပါက …
• အရှေ့ဘက်၌ မိမိပိုင်မြေနယ်နိမိတ်မှ အဆောက်အအုံနံရံ အထိ ၁၂ ပေ ချန်ရမည်ဖြစ်ကြောင်း၊
• အနောက်ဘက်၌ နောက်ဖေးလမ်းကြားရှိပါက မိမိပိုင်မြေနယ်နိမိတ်မှ တစ်ပေအသားတင်ချန်ရန်နှင့်
• နောက်ဖေးလမ်းကြား မရှိပါက မိမိပိုင်မြေနယ်နိမိတ်မှ အဆောက်အအုံနံရံအထိ ခြောက်ပေချန်ရမည်ဖြစ်ကြောင်း၊
•!ဘေးနှစ်ဖက်မှာ တံစက် မြိတ်မှ တစ်ပေစီချန်၍ ဆောက်လုပ်ခွင့်ပြုကြောင်း
• ဘေးနှစ်ဖက်မှာ တံစက်မြိတ်မှတစ်ပေစီချန်ခြင်းနှင့် စပ်လျဉ်း၍ ကပ်လျက်မြေကွက်များ၏သဘောတူညီချက်ကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး၏ထောက်ခံ ချက်ဖြင့် တင်ပြရမည်ဖြစ်ကြောင်း။
ကပ်လျက်မြေကွက်များမှ လူမှုရေးမပြေလည်၍ သဘောတူညီမှုမရှိပါက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေး မှူး၏ သဘောထားမှတ်ချက်တင်ပြပြီးဆောက်လုပ်ခွင့်ပြုပါတာ ဖြစ်ပါတယ်။
တကယ်လို့ ကပ်လျက်မြေကွက်များနှင့် မြေနယ်နိမိတ် အငြင်းပွားမှုရှိလာရင်တော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနနှင့် အင်ဂျင် နီယာဌာန(အဆောက်အအုံ)တို့ပေါင်းကွင်းဆင်း၍ မြေတိုင်းတာခြင်း ၊မြေနယ် နိမိတ် ငုတ်သတ်မှတ်ပေးခြင်း တို့ကို ဆောင်ရွက်ပေးခြင်း၊ မြေပိုင်ဆိုင်မှုနှင့်စပ်လျဉ်း၍ ကန့်ကွက်ချက်ရှိပါက ကန့်ကွက်သူထံမှ အထောက်အထား များတောင်းခံကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥပဒေအကြံပေးပညာရှင်များအဖွဲ့ဖြင့် လိုက်လံစစ်ဆေးပေးပါတယ် 👨🏻‍✈️ 👩🏻‍✈️
အဆောက်အအုံဆောက်လုပ်တော့မယ့်သူများအတွက် အရေးကြီးတဲ့ သတိထားစရာဖြစ်တာကြောင့် ဝေမျှပေးလိုက်ပါတယ်။ Union House Myanmar Page လေးကို Like & See First လေး လုပ်ထားပေးပါအုံးဗျ ☺️
img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion