author Call Us: 09503 2256

အိမ်ခြံမြေ အမွေရဖို့ သေချာတဲ့ နည်း

အိမ်ခြံမြေ အမွေရဖို့ သေချာတဲ့ နည်း

အိမ်ခြံမြေ အမွေရဖို့ သေချာတဲ့ နည်း

လွယ်ကူပြီး ထိရောက်တဲ့ နည်းလမ်းလေး ဖြစ်ပါတယ် ☺️
❖ မိသားစုစီမံမှု လုပ်ထားရင် မိသားစုတွင်းမှာ အိမ်ခြံမြေအမွေမှု မဖြစ်နိုင်တော့ပါဘူး။
❖ ဒါကြောင့် မိသားစုစီမံမှုကို လုပ်ကြဖို့ မြန်မာ့ ဥပဒေပညာရှင်ကြီးများက အမြဲတိုက်တွန်းခဲ့ ကြတယ်။ ပညာပေးခဲ့ကြတယ်။ အဲဒါနှစ် (၁၀၀) ကျော်တိုင်ခဲ့ပြီ။ (သို့သော် တချို့တချို့တွေက တော့ ဖုံးကြတယ်ဗျာ။ ဖွက်ကြတယ်ဗျာ။ ပညာပေးတဲ့သူကတစ်ဖွဲ့၊ လူတွေမသိအောင် လိုက်ကာနေတဲ့ သူတွေကလည်း တစ်ဖွဲ့ပါ)
❖ ပစ္စည်းရှင်ကွယ်လွန်ပြီးနောက် အိမ်ခြံမြေအမွေများကို မည်သို့ ခွဲဝေယူကြ ရမည်ဆိုတဲ့ မိသားတစ်စု၏ စီမံမှုကို မိသားစုစီမံမှု ဟုခေါ်ပြီး ၁၉၆၆ ဦးဘဖေနှင့် မချိုတီ မတစ ၇၂၇၊ စီရင်ထုံးနှင့် ဒေါက်တာဦးမောင်မောင်၊ မြန်မာဓလေ့ထုံး ၁၉၆၃/၁၀၄ အပြင် စီရင်ထုံးများစွာမှာ ထင်ရှားစွာ ဖော်ပြထားပါသည်။
❖ မိသားစုစီမံမှု ပြုလုပ်ရာတွင် အမွေဆက်ခံခွင့် မရှိသူများ ပါဝင်ချုပ်ဆိုရေးသားခွင့် မရှိဟု ဦးညွန့်မောင်/ဒေါ်မြရွှေ ၁၉၇၄ တရားမဒုတိယ အယူခံ အမှတ်-၃၃ မှာလည်း စီရင်ထားပါတယ်။
❖ မိသားစုစီမံမှု ကို သဘောတူညီ ပြုလုပ်ပြီးပါက ကြိုတင်တရားစွဲ တောင်းဆိုခွင့်မရှိ၊ ဖောက်ဖျက်ခွင့် မရှိသည့်အပြင် ငြင်းဆိုခွင့်လည်း မရှိပါကြောင်း၊ မပန်းစီ/မလှရင်၊ ၁၉၆၃ မတစ၊ ၈၀၀(၈၀၈) တွင်ပါရှိပါတယ်။
❖ မိသားစုစီမံမှုသည် မိသားစုအတွင်းတွင်သာ သဘောတူညီ ခွဲဝေကြသည့်အတွက် အခွင့်အရေးတို့သည် ဥပဒေနှင့် အတိအကျ ညီညွတ်နိုင်မည် မဟုတ်ပါ၊ သို့သော်လည်း ခိုင်မာပါသည်ဟု ဦးမြတ်သူ/မစောရှင် ၁၉၄၉ မတစ၊ လွှတ်တော် ၉၄၂တွင် စီရင်ထားရှိသည်ကိုတွေ့ နိုင်ပါသည်။
❖ မိသားစုဝင် အချင်းချင်း သဘောတူညီမှုရှိရန် လိုအပ်သည့်အပြင် မရွှေ့ ပစ္စည်းတွေကို ခွဲဝေကြရမှမို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ရန်လည်း လိုအပ်ပါသည်။
#Credit to Original uploader with Thanks
အိမ်ခြံမြေ ဗဟုသုတများအပြင် လတ်တလော အိမ်ခြံမြေ အရောင်းများကို Page မှာ တင်ပေးနေတာဖြစ်လို့ Union House Myanmar Page လေးကို Like & See First လေး လုပ်ထားပေးကြပါအုံးဗျ 🥰 😇
img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion