author Call Us: 09503 2256

အိမ်ပွဲစားလုပ်မယ်ဆိုရင်မဖြစ်မနေဒါတွေ သိထားဖို့လိုမယ် အပိုင်း (၆)

အိမ်ပွဲစားလုပ်မယ်ဆိုရင်မဖြစ်မနေဒါတွေ သိထားဖို့လိုမယ် အပိုင်း (၆)

အိမ်ခြံမြေ ငှားရမ်းရာမှာ သိရှိထားရမဲ့ အိမ်ငှားပြသနာ ဖြေရှင်နည်းများ ၊‌ရောင်းဝယ်ရာမှာလည်း ငွေပြကြေးပြပါဖို့ ဘာလို့လိုအပ်တာလဲ ၊ အိမ်တစ်အိမ် ဝယ်ဖို့အတွက် ဘယ်လိုအချက်လက်တွေကို ပါအဓိကစစ်ဆေးရမလဲဆိုတာကို ပြီးခဲ့တဲ့အပိုင်း(၅) မှာတင်ဆက်ခဲ့ပြီးဖြစ်ပါတယ် ။ ယခုတစ်ပတ်မှာတော့ အပိုင်း(၆)ကို ဆက်လက် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ။

၁။ ဗုဒ္ဓဘာသာဝင်အမျိုးသမီး ဗုဒ္ဓဘာသာဝင်မဟုတ်သော အမျိုးသားနှင့် အိမ်ထောင်ကျရင် အမွေကိစ္စ ၊ လင်မယားကွာရှင်းခြင်း ကိစ္စတွေမှာ မြန်မာဓလေ့ထုံးတမ်း ဥပဒေကသာ အာဏာသက်ရောက်ပါတယ်။

၂။ ရောင်းခွင့်မရှိ ၊ ဝယ်ခွင့်ရှိသည် အရွယ်မရောက်သေးသူက ၎င်းပိုင်တိုက်ခြံတို့ကို ရောင်းခွင့်မရှိပါ။ သို့သော်ဝယ်ခွင့်ရှိပါတယ်။ (ဥပဒေက ခွင့်ပြုပါတယ်။ ) (ပစ္စည်းလွှဲပုဒ်မ ၅၄/ည )

၃။ အမိန့်ကြော်ငြာစာအမှတ်(၃/၂၀၀၁) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် မိမိနယ်နိမိတ် အတွင်းရှိ လူနေမြေများကို စီမံခန့်ခွဲပိုင်ခွင့်ရှိပါသည်။

၄။ အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၀၂) မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသည် မိမိနယ်နိမိတ် အတွင်းရှိ လူနေမြေများကို ဝန်ကြီးချုပ်၏ သဘောတူညီချက်ဖြင့် စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။

၅။ အိမ်ခြံမြေဝယ်တယ်ဆိုတာ ဝယ်တော့သိပ်လွယ်တယ်။ ထားတော့လည်းမြတ်ပါတယ်။ ပြန်ရောင်းတော့ခက်တယ်။ ဒါကြောင့် ကုမ္ပဏီတွေမှာ ရောင်းချင်တဲ့ စာရင်းတွေများနေတာပေါ့ ။ (ကျွန်တော့အတွေ့အကြုံပါ)

၆။ ကြော်ငြာခြင်း ကြော်ငြာအားကိုးနဲ့ ရောင်းမယ်ဆိုရင် တိုတောင်းရှင်းလင်းပြီး ထိမိတဲ့ ကြော်ငြာကိုသာရေးပါ။ တိုက်ခြံ တိုက်ခန်းတိုင်းမှာ “အားသာမှုများ” ရှိပါတယ်။ ပေါ်အောင် ရေးကြပါ ။ “ပွဲစားမလိုလို့” ရေးတာဟာ ရန်စခြင်းတမျိုးပါပဲ။ “ပွဲခ”အတွက် ဈေးနည်းနည်းပိုတင်ထားပါ ။ လူမသိပါဘူး။

၇။ ရောင်းသူက ၁၀% ခြံတိုက်ရောင်းသူသည် ရောင်းချ၍ရသော အမြတ်ငွေရဲ့ ၁၀% ကိုမြို့နယ် အခွန်ဦးစီးဌာနမှာ ပေးဆောင်ဖို့ တာဝန်ရှိပါတယ်။

၈။ ငွေဖြူမရှိလျှင် ၃၀%လား ၃၀% ကတော့မကြာခဏပြင်လေ့ရှိပါတယ်။ နှစ်စဉ် ထုတ် “ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေ” ကို ဝယ်ဖတ်ကြပါ။

၉။ ပွဲခ တရားရုံးချုပ်စီရင်ထုံး (၁၉၅၃)ထဲမှာ ပွဲခပေးမယ်ဆိုတဲ့ “ကတိ” လည်းရှိပြီး အမှန်တကယ် ဝန်ဆောင်မှုလည်း ရှိတယ်ဆိုရင် “ပွဲခ” ဆိုတာ ပေးရမယ်တဲ့ ။ စာချုပ်တာ ၊ငွေချေတာတွေက ပွဲစားတာဝန်မဟုတ်ပါဘူးတဲ့ဗျာ ။

၁၀။ ကာလပေါက်ဈေး နေ့စဉ် ရွှေ၏ ပေါက်ဈေးအတိအကျရှိပါတယ်။ အိမ်ခြံမြေမှာတော့ လစဉ်ပေါက်ဈေးပင်အတိအကျမရှိပါဘူး ။ ဒါကြောင့် အနီးစပ်ဆုံး ဈေးသည်သာ ပေါက်ဈေးမည်ပါတယ်။ (အလားတူသော ပစ္စည်းတို့ရဲ့ ကာလအလိုက် ရောင်းဈေးများသည်သာ ပေါက်ဈေးမည်ပါတယ်။ )

၁၁။ ရောင်းတော့မည်ဆိုပါလျှင် ကိုယ့်ပစ္စည်းဘယ်လောက်ကောင်းကောင်း မိတ်ကပ်လိုပါသည်။ ခြံအလွတ် ရောင်းမည်ဆိုလျှင် ခြံစည်းရိုး၊ ဝင်းတံခါးပေါက်နှင့် အမှိုက်တို့ သတိထားပါ။ခြံနှင့် တိုက်ရောင်းမည်ဆိုလျှင် ခြံထဲက တိုက် လူမနေလည်း ပန်းအိုးတွေ ၊ ပန်းပင်တွေ လန်းနေပါစေ ၊ အရေးကြီးပါတယ် ။ (ကိုယ်တွေ့) တိုက်ခန်းရောင်းမည်ဆိုလျှင်တော့ တိုက်ခန်းတံခါးများကြိုဖွင့်ထားပါ ။ လေသန့်ဆေးလည်း သုံးသင့်သုံးပါ ၊ လေဝင်လေထွက် ကောင်းသည်ဟု သိသွားပါစေ ။ (ပြည့်စုံချင်ရင် ဒါတွေ လုပ်ရပါမယ်။)

၁၂။ ကွန်ဒိုမကြိုက်ဘူး တစ်ခါတလေ “ကင်မရာ” ဝယ်မယ်ဆိုပြီး စူပါမားကတ် သွားပါတယ် ။ ဝယ်ပြန်လာတော့ “ထမင်းပေါင်းအိုး” ။”လုံးချင်းမှလုံးချင်း” ဆိုသူကိုလည်း ကွန်ဒိုကို ပြကြည့်ပါ ။ လူဆိုတာ စိတ်ပြောင်းမြန်တတ်ပါတယ် (ကိုယ်တွေ့)

Union House Myanmar မှ ပရိဿတ်အများအကျိုးအတွက်ဆရာကြီး ကြည်စိုး(I.C)ရေးသားသည့်အိမ်ဘုရင်၏ အိမ်ပွဲစားပညာစာအုပ်မှ ပြန်လည်ဖော်ပြပါသည်

img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion