author Call Us: 09503 2256
မြန်မာ့ထုံးတမ်းဖြစ်သော အိမ်သစ်တက်ပွဲအကြောင်းနှင့် အိမ်သစ်တက်ပွဲပြုလုပ်ရာတွင် ရှောင်ကြဉ်သင့်သည်များ

မြန်မာ့ထုံးတမ်းဖြစ်သော အိမ်သစ်တက်ပွဲအကြောင်းနှင့် အိမ်သစ်တက်ပွဲပြုလုပ်ရာတွင် ရှောင်ကြဉ်သင့်သည်များ

မြန်မာ့ထုံးတမ်းဖြစ်သော အိမ်သစ်တက်ပွဲအကြောင်းနှင့် အိမ်သစ်တက်ပွဲပြုလုပ်ရာတွင် ရှောင်ကြဉ်သင့်သည်များ မြန်မာ့ရိုးရာယဉ်ကျေးမှုအရ အိမ်အသစ်ဆိုရင် ပြုလုပ်ရတဲ့ ဓလေ့လေးတွေ ရှိတတ်ပါတယ်။ ဒီထဲကမှ အခုချိန်ထိလည်း မပျောက်ပျက်ဘဲ လုပ်နေကြဆဲဖြစ်တဲ့ အိမ်သစ်တက်ပွဲ ထုံးတမ်းမင်္ဂလာအကြောင်းလေးကို Union House Myanmar ကနေ ဝေမျှပေးချင်ပါတယ် ☺️ တခြားသော နိုင်ငံအများအပြားမှာလည်း အိမ်သစ်တက်ပွဲမင်္ဂလာ ပြုလုပ်လေ့ရှိကြပါတယ်။ အိမ်တစ်အိမ် ဆောက်လုပ်ရာမှာ အတိတ်ကောင်း၊ နိမိတ်ကောင်းဖြစ်ဖို့ အရေးကြီးသလို ဆောက်လုပ်ပြီးအိမ်တွေကို ပြောင်းရွှေ့နေထိုင်တဲ့အခါမှာလည်း အချိန်ကောင်း၊ အတိတ်ကောင်း၊ နိမိတ်ကောင်းတွေ ဖြစ်ဖို့ကို ရည်ရွယ်ပြီး ပြုလုပ်ကြတာ ဖြစ်ပါတယ် 🥰 🏠 အိမ်တက်မင်္ဂလာဆိုတာက အိမ်သစ် အိမ်ဟောင်းကိုဆိုလိုခြင်းမဟုတ်ပါပဲ နေရာသစ်ကိုသာ အဓိကဆိုလိုခြင်းဖြစ်ပါတယ် 🏠 မြန်မာမှာတော့ များသောအားဖြင့် နံနက်အခါမျိုးမှာ အိမ်နေရာသစ်အိမ်ကို ရဟန်းသံဃာတော်တွေ ပင့်ဖိတ်ပြီး ဆွမ်းကပ်ခြင်း၊ လှူဖွယ်ဝတ္ထု အစုစုတို့ကို လှူဒါန်းခြင်း၊ ဖိတ်ထားသော ဧည့်သည်များကို […]