ဖေါက်ခွဲဖြိုချခြင်း အနုပညာ
တည်ဆောက်ခြင်းကိုသာ အရေးတယူပြောဆိုဆွေးနွေးတတ်ကြသော်လည်း ဖြိုချခြင်းကိုမူ မပြောဆိုတတ်ကြဟု ဝါရင့်ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးက ဟောပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့ဖူးသည်။
နိူင်ငံရေးစနစ်တစ်ခုက အများပြည်သူအတွက် အန္တရာယ်များလာပြီဆိုလျှင် ထိုစနစ်ကို ဖြိုချဖျက်သိမ်းရန် လိုအပ်သကဲ့သို့ အဆောက်အအုံတစ်ခုသည် နေထိုင်သူများအတွက် အန္တရာယ်ရှိလာပြီ (သို့မဟုတ်) ထိုနေရာတွင် အစားထိုးဆောက်လုပ်ရန် လိုအပ်လာပြီ ဆိုလျှင် ဖြိုချရမည်သာဟု နှိုင်းယှဉ် ပြောဆိုခဲ့သည်။အဆောက်အအုံကို ဖြိုချရာတွင် စနစ်တကျတွက်ချက်ကာ ထိန်းချုပ်ဖေါက်ခွဲမှသာ ဘေးပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို မထိခိုက်ပဲ ပြိုကျသွားမည်ဖြစ်သည်။
စနစ်တကျထိန်းချုပ်ဖေါက်ခွဲဖြိုချရသော အဆောက်အအုံများတွင် ယူအေအီးနိူင်ငံ အဘူဒါဘီမြို့ရှိ မီနာပလာဇာက အမြင့်ဆုံးဖြစ်ခဲ့ပြီး ဂင်းနက်စ်စံချိန်တင်နိူင်ခဲ့သည်။၅၄၂ ပေနီးပါးမြင့်မားပြီး၊တာဝါ ၄ခု ၊၁၄၄-ထပ်ပါဝင်သော မီနာပလာဇာကို ၁၀စက္ကန့်အတွင်း မြေပြင်ပေါ်အပုံလိုက် ပြိုဆင်းသွားစေခဲ့သည်။အဆောက်အအုံထဲ၌ ကျင်းပေါင်းများစွာ တူးခဲ့ကာ ဖေါက်ခွဲပစ္စည်းများကို ထည့်သွင်းခဲ့သည်။
အဆောက်အအုံဟောင်းကြီးများကို ဖြိုချကာ မြို့တော်ဖွံ့ဖြိုးရေး စီမံကိန်းများ ပြန်လည်ဖေါ်ဆောင်ရာတွင် ဘေးကင်းစွာဖြိုချနိူင်မှုက အရေးပါသော ကဏ္ဍဖြစ်၍ ဂုဏ်ယူစရာ သမိုင်းမှတ်တိုင်ဖြစ်သည်ဟု အာမက် အယ်လ်ရှိတ်အယ်ဇာဘီက ပြောကြားခဲ့သည်။သူသည် အဆောက်အအုံဟောင်းများ ဖြိုချရေးကို တာဝန်ယူဆောင်ရွက်နေသော mondon၏ ဒါရိုက်တာဖြစ်သည်။ပလာဇာကို မဖြိုချမီ ၁-ပတ်လောက်ကတည်းက အနီးတဝိုက်လမ်းများကို ပိတ်ကာ ကြိုတင်ပြင်ဆင်ခဲ့ကြရသည်။
Join The Discussion