မြို့ရှောင်လမ်းဖောက်လုပ်ခြင်း၏ ကောင်းကျိုးများ
- by sithumin
- January 22, 2021
- General Real Estate Knowledge
- 0
မြို့ရှောင်လမ်းဖောက်လုပ်ခြင်း၏ ကောင်းကျိုးများ
မြို့ရှောင်လမ်းဖောက်လုပ်ခြင်း၏ ကောင်းကျိုးများ
မြန်မာနိုင်ငံ တနံတလျား၌ မြို့ကြီးမြို့ငယ်များအဝေးပြေးလမ်းမများ အသုံးပြုပြီး ဆက်သွယ်သွားလာကြရာတွင် ယာဉ်ကြောပိတ်ဆို့မှုပြဿနာက ကုန်စည်စီးဆင်းမှု နှေးကွေးခက်ခဲသော ဘေးထွက်ဆိုးကျိုးကိုဖြစ်ပေါ်စေခဲ့သည်။မတော်တဆမှုများလည်း ဖြစ်ပေါ်လွယ်စေသည်။ဥပမာ ရန်ကုန်-မန္တလေး မူလအဝေးပြေးလမ်းမကြီးသည် လမ်းတလျှောက်ရှိ မြို့ကြီးများသို့ ဝင်ရောက်ရသဖြင့်သွားလာချိန် ကြာမြင့်ပြီး အခက်အခဲများ ကြုံတွေ့ခဲ့ကြရသည်။
ယခုအခါ မြို့ရှောင်လမ်းဟု ခေါ်ဝေါ်နိုင်သောရန်ကုန် မန္တလေး အဝေးပြေး အမြန် လမ်းမကြီးပေါ်ပေါက်လာရာခရီးမိုင် နည်းပါးသွားသည်။ ထို့အပြင် ယဉ်ကြောပိတ်ဆို့မှုနည်းပါးသွားသည်။ကုန်စည်စီးဆင်းမှုကလည်း(အခြား အကြောင်းများကြောင့် နှေးကွေးခက်ခဲကောင်းခက်ခဲနိုင်သော်လည်း )အဝေးပြေးလမ်းကြောင့်ကားမခက်ခဲတော့ပေ။သို့သော် အခြားမြို့ကြီးများမှာတော့ ထိုပြဿနာ ရှိနေဆဲ။ယာဉ်အစီးအရေ များပြားလာမှု၊ မြို့တွင်းလမ်းများ ကျဉ်းမြောင်းလာမှုတို့ကြောင့် ယာဉ် ကြောပိတ်ဆို့မှုများ၊ ယာဉ်မတော်တဆမှုများကြုံနေရဆဲ။မြို့ရှောင် လမ်းဖောက်လုပ်ပြီးစီးပါက ထိုပြဿနာများကို ဖြေလျှော့ပေးနိုင်မည်ဖြစ်သည်။ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်ယာဉ်များမြို့တွင်းသို့ ဖြတ်သန်းမောင်းစရာမလိုဘဲ အချိန်တိုအတွင်း သွားလာနိုင် မည်ဖြစ်သည်။ဒေသလူမှုစီးပွားရေးများကိုလည်း မြှင့်တင်နိုင်မည်ဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ကျိုင်းတုံ ခရိုင်လမ်းဦးစီးဌာနက၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ် စုစုပေါင်း ၁၅၂၀၃ ဒသမ ၆၁၇ သန်းဖြင့်ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ကတ္တရာ ကွန်ကရစ်မြို့ရှောင်လမ်းကိုဖောက်လုပ်လျက်ရှိသည်ဟုဆို၏။
ကျိုင်းတုံမြို့ရှောင်လမ်းကို တောင်ကြီးဘက်မှအဝင်ယန်းလောကျေးရွာအုပ်စု ကျိုင်းဖောင်းကျန်းမာရေး စစ်ဆေးရေးဂိတ်အနီး (၆၂၈ ဒသမ ၀၂km)မိုင်တိုင်အမှတ်မှ စတင်ပြီး နောင်နွန်းပူးပေါင်းဂိတ်အနီး (၆၃၉ km)မိုင်တိုင် အမှတ်အထိ ဖြစိသည်။
ယခင်စီမံကိန်း မဆောင်ရွက်ဖြစ်ခဲ့သော မိုးနဲ-ကျိုင်းတုံမီးရထားလမ်းစီမံကိန်း မြေနေရာတွင် လမ်း အကျယ် ၇ မီတာ၊ အရှည် ၁၀ ကီလိုမီတာကို၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် မြေသားလမ်းဖောက်လုပ်ခြင်း၊ တံတားလုပ်ငန်းနှင့် အခြားလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက် နေမှု ၁၇ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။
လာမည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ်ကုန်တွင် အမာခံလမ်းအဆင့်အနေဖြင့် စတင်အသုံးပြု နိုင်မည်ဖြစ်ကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကတ္တရာ ကွန်ကရစ်မြို့ရှောင်လမ်းအား အပြီးဖောက်လုပ်သွားမည်ဟု ဆိုသည်။ကျိုင်းတုံခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကောင်းဇံထံမှ သိရသည်။ကျိုင်းတုံမြို့ရှောင်လမ်း မြေဧရိယာစုစုပေါင်း၁၁၀ ဒသမ ၄၄၃ ဧကရှိသည်။
မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် လမ်း ဧရိယာတွင် ပါဝင်သွားသည့် ယန်းလောကျေးရွာအုပ်စု၊ မိုင်းဇင်းကျေးရွာအုပ်စုနှင့် ရပ်ကွက်(၁) တို့မှ မြေဧကများ အတွက် လျော်ကြေးနှင့် နစ်နာကြေး ၆၄၈ ဒသမ ၂၀၄ သန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဖြည့်စွက် ရန်ပုံငွေခွဲရရှိကာ သက်ဆိုင်ရာလယ်/စီအဖွဲ့အဆင့်ဆင့်၏ သတ်မှတ်ဈေးများအတိုင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရာနှုန်းပြည့်ပေးလျော်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Join The Discussion