author Call Us: 09503 2256

ယနေ့ အိမ်ခြံမြေ အဆောက်အဦနှင့်သက်ဆိုင်သော အမေးအများဆုံး မေးခွန်းများနှင့် အဖြေများကို Union House Myanmar.Com  မှ အများအကျိုးရှိစေရန်ရည်ရွယ်၍ အခန်းကဏ္ဍတစ်ခု အနေဖြင့် ဖော်ပြ ပေးလိုက် ပါသည်။

မြို့မြေစီမံခန့်ခွဲခြင်းဆိုင်ရာ မြေအမျိုးအစားများမှာ ၁။ ဘိုးဘွားပိုင်မြေ (မြေပိုင်မြေ)  ၂။ မြေငှားဂရန်မြေ၊ ၃။ စကွာတာမြေ၊ ၄။ လိုင်စင်မြေ၊ ၅။ ပါမစ်မြေ၊ ၆။ ဂရန်ရှိ မြေပိုင်မြေ၊ ၇။ အခွန်လွတ် သာသနာ့ဂရန်မြေ၊ ၈။ သိမ်ဂရန်မြေ၊  ၉။ ကျူးကျော်မြေ၊ ၁၀။ စနစ်တကျကျူးလွန်ခြင်းမြေ ဟူ၍ (၁၀) မျိုး ရှိပါသည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်များ

(၁) ဘိုးဘွားပိုင်မြေ    – (မြေပိုင်မြေ) အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေပုဒ်မ(၄) ပုဒ်မခွဲ (၁၀)အရ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချ ပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့် ရှိသော မြေမျိုးဖြစ်ပါသည်။

(၂) မြေငှားဂရန်မြေ   –   ရန်ကုန်စည်ပင်သာယာမြေ နည်းဥပဒေအရ ကော်မတီ (ယခင် ရန်ကုန်စည်ပင်သာယာ အဖွဲ့/ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန) သို့ အပ်ထားသည့် မြေများကို စည်းကမ်း ချက်များသတ်မှတ်၍ နှစ်ကာလ အပိုင်းအခြားဖြင့် အငှားချထားသည့် မြေမျိုးဖြစ်ပါ သည်။

(၃) စကွာတာမြေ       –   မြေငှားဂရန်မရယူ ခဲ့၍လည်းကောင်း၊ မြေငှားဂရန်သက်တမ်း ကုန်ဆုံးပြီးနောက် သက်တမ်း အသစ် လဲလှယ်ခြင်းမပြုခဲ့၍လည်းကောင်း၊ ဂရန်စည်းကမ်းချက်ပါ တစ်ရပ်ရပ် ဖောက်ဖျက်ခဲ့၍ လည်းကောင်း စကွာတာကျူးလွန်ခြင်း၊ ပြေစာဖြင့် စည်းကြပ် ကောက်ခံသော မြေမျိုးဖြစ်ပါသည်။

(၄) လိုင်စင်မြေ          –   အောက်မြန်မာပြည် မြို့နှင့်ရွာများ အက်ဥပဒေပုဒ်မ(၄)၊ ပုဒ်မခွဲ(၇)အရ သတ်မှတ်သည့် မြေမျိုးဖြစ်ပြီး စည်းကမ်းချက်ဖြင့် ယာယီသုံးစွဲခွင့်ပြုသော မြေမျိုးဖြစ်ပါသည်။

(၅) ပါမစ်မြေ             –   စည်ပင်ပြန့်ပြောမှု မရှိသေးသည့်နေရာတွင် စည်းကမ်းချက်ဖြင့် သုံးစွဲခွင့် ပြုထားသည့် အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့် ချထားပေးသော မြေမျိုးဖြစ်ပါသည်။

(၆) ဂရန်ရှိ မြေပိုင်မြေ    –         ဘိုး၊ ဘပိုင်မြေ(မြေပိုင်မြေ) ကဲ့သို့ မြေမျိုးဖြစ်ပါသည်။

(၇) အခွန်လွတ်သာသနာ့ ဂရန်မြေ    –    သာသနာရေး၊ ဘာသာရေးအတွက် ထုတ်ပေးသော မြေမျိုးဖြစ်ပါသည်။

(၈)သိမ်ဂရန်မြေ        –   ရန်ကုန်စည်ပင်သာယာနည်းဥပဒေ(၃၇)တွင် သိမ်၊ ဂရန်ကို လူပုဂ္ဂိုလ်ကသာ လျှောက် ထားနိုင်သည်ဆိုသည့်အချက်မှအပ အခြားထူးထူးခြားခြား သတ်မှတ်ထားခြင်းမရှိပါ။

(၉) ကျူးကျော်မြေ     –   အစိုးရမြေပေါ်တွင် ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ ဝင်ရောက်ကျူးကျော်နေထိုင်သည့် မြေမျိုးဖြစ်ပါသည်။

(၁၀) စနစ်တကျ ကျူးလွန်ခြင်းမြေ   –    စနစ်တကျ ရပ်ကွက်အတွင်း မြို့ကွက် ရိုက်ထားသော အိမ်ရာ၊ မြေကွက် ၌ ကျူးလွန်ခြင်း ပြေစာဖြင့် စည်းကြပ်ကောက်ခံသော မြေမျိုးဖြစ်ပါသည်။

မိမိရဲ့အကြောင်းကိစ္စကြီးငယ်အတွက်၊ ကိုယ်စားလှယ်ကို ပါဝါလွှဲပေးတာမျိုးဖြစ်ပါတယ်။ မိမိကိုယ်စား

               လက်မှတ်ရေးထိုးနိုင်သည့်အပြင် စာရင်းလည်းရှင်းပိုင်ခွင့်ရှိပါတယ်။ တရားစွဲလည်း ခံနိုင်ခွင့် ရှိပါတယ်။ SP ဆိုတာ အထူးကိုယ်စားလှယ်လွှဲစာ (Special Power)၊ အကြောင်းကိစ္စတစ်ခု၊ နှစ်ခု စသည်ဖြင့် အကန့်အသတ်ဖြင့် လွှဲပေးသည့် ကိုယ်စားလှယ်လွှဲစာဖြစ်ပါတယ်။

               GP ဆိုတာ အထွေထွေ ကိုယ်စားလှယ်လွှဲစာ (General Power) မိမိကိုယ်စား Power အကုန်ကို ကန့်သတ်ချက် မရှိ လွှဲပေးလိုက်သည့် ကိုယ်စားလှယ်လွှဲစာ ဖြစ်ပါတယ်။ (*အရွယ်ရောက်ပြီး စိတ်ပေါ သွပ်ခြင်း မရှိသူ မည်သူကိုမဆို မည်သူကိုမဆို လွှဲပေးနိုင်ပါသည်။)

မေး   –    ဂရန်၊ ပိုင်ရှင်အမည်ပြောင်းဖို့ ဘာတွေလိုအပ်လဲ?

ဖြေ    –    လျှောက်ထားသူ၏ နိုင်ငံသား(သို့) အမျိုးသားမှတ်ပုံတင် (မူရင်း + မိတ္တူ)၊

–         လျှောက်ထားသူ ပိုင်ဆိုင် ကြောင်း မှတ်ပုံတင်၊ စာချုပ်(သို့) လေလံအမိန့်(သို့) တရားရုံးမှ ထုတ်ပေးသော ပစ္စည်းဝယ်လက်မှတ် နှင့် အခွန်ထမ်းဆောင်ပြီးကြောင်း အထောက်အထားများ

–         ဂရန်မိတ္တူ၊

–         ဌာနမှ သတ်မှတ်ထားသော လျှောက်ထားပုံစံဖြင့်သာ လျှောက်ထားရမည်။

–         မြေခွန်၊ ကြွေးကျန်ကင်းရှင်းကြောင်း နောက်ဆုံးပြေစာ

–         တရားရုံး၊ ဘဏ် အခွန်ကောက်လွတ်ခွင့် ရှိ၊ မရှိ စစ်ဆေးသည့် အထောက်အထား

အမည်ပေါက်ကိုယ်တိုင်(သို့) မှတ်ပုံတင်၊ စာချုပ်

–         ဂရန်မူရင်းနှင့် ဆက်စပ် မှတ်ပုံတင်စာချုပ်များ

–         မြေပိုင်ဆိုင်မှုနှင့် ပတ်သက်သော စာချုပ်များ

–         နိုင်ငံသား(သို့) အမျိုးသားမှတ်ပုံတင်ကတ်ပြား၊ (မူရင်း ၊ မိတ္တူ)

–         မြေခွန်ကြွေး/ကျန် ကင်းရှင်းကြောင်း နောက်ဆုံးပြေစာ

ဂရန်မှန်မမှန်ကို သက်ဆိုင်ရာမြေစာရင်းဌာနတွင် အရင်စစ်ပါ။ မူရင်းဂရန်အစစ်ကို စရံစပေးပြီးလျှင် ပြီးခြင်း သတင်းစာတွင် ကြေငြာပါ။

တစ်နှစ်အတွင်း ထုတ်ယူထားသော အရောင်းအဝယ်စာချုပ် ချုပ်ရန်အတွက်ဆိုသည့် မြေပုံမြေရာဇဝင်

–         ထိုမြေကွက်အတွက် Special Power

–         မူရင်းဂရန်၊ လျှပ်စစ်မီး/ရေစက် စသည်ဖြင့် စုံလင်သည့် စာရွက်စာတမ်းများ

ကွန်ဒိုတည်ထောင်သူတို့သည် ဧကငါးမူးထက်ပို၍ ကျယ်သော စုပေါင်း ဂရန်မြေပေါ်တွင် အနည်းဆုံး (၆)ထပ်မြင့်အောင် ဆောက်ရမည်။ ဓါတ်လှေကား၊ ပန်းခြံ၊ ရေကူးကန် စသော စုပေါင်းပိုင် ပစ္စည်းများ ပါရှိရမည်။ အစိုးရပိုင်မြေပေါ်တွင် ဆောက်ထားကြသည်များလည်း စုပေါင်းပိုင် ဖြစ်သွားကြရပါမည်။ ပြီးတော့ ပုဒ်မ-၂၅(ဆ)အရ မှတ်ပုံတင်ကြရသည်။ ၂၀၁၆-ခုနှစ်၊ ဇန်နဝါရီ(၂၉)တွင် ကွန်ဒိုဥပဒေပြဌာန်း သည်။

 

တိုက်သစ်ဖြစ်ပါက BCC စာရွက်၊ Building Complete Certificate ကျပြီးဖြစ်ရမည်။

–         မြေရှင်လက်မှတ် ထိုးပေးနိုင်ရမည်။

အပျောက်တိုက်ခန်းပိုင်ရှင်တို့သည် ဥပဒေအရ ဂရန်မြေရှင်များ ဖြစ်သောကြောင့် မိမိကိုယ်တိုင် ဆောက်လုပ်၍သော်လည်းကောင်း၊ အခန်းပေး၊ အခန်းယူစနစ်ဖြင့် ဆောက်လုပ်ခွင့် လက်ခံ၍ သော်လည်းကောင်း၊ ရောင်း/ဝယ်/ငှား ကို ဥပဒေအရ လုပ်ဆောင်ခွင့်ရှိသောကြောင့် ခိုင်မာမှု ရှိပါသည်။

မည်သည့်မြေအမျိုးအစားကိုပဲဖြစ်ဖြစ် ဂရန် လျှောက်လို့ရနိုင်သည့်မြေ ဟုတ်မဟုတ် စစ်ဆေးရပါမည်။

–         ဂရန်လျှောက်ထားလို့ ရသည့်မြေ/တာဝန်ရှိသူတွေက ဂရန်ပေးခွင့် ရှိသည့်မြေ  ဖြစ်ပါက ခိုင်မာမှု ရှိပါသည်။

အစိုးရ လက်ရှိ အသုံးပြုနေသည့်မြေ

–         သာသနာ့ပိုင်မြေ

–         ပလပ်မြေ

–         ဌာနဆိုင်ရာတွင် အသုံးပြုနေသော မြေ

–         လယ်/ယာမြေ တို့ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် တစ်ဧကကို ၄၃၅၆၀ (စတုရန်ပေ) ရှိသည်ဟု ခေါ်ဝေါ်တွက်ချက်လေ့ရှိသည်။

–         အတိအကျကတော့ အလျား ၂၀၈.၈ ပေ၊ အနံ ၂၀၈.၈ ပေ = ၄၃၅၉၇ (စတုရန်းပေ) ဖြစ်ပါသည်။

–         ပေ ၂၀၀ x ပေ ၂၀၀          =    တစ်ဧက

–         ပေ ၁၀၀ x ပေ ၂၀၀          =    ဧကတစ်ဝက် (ငါးမူး)

–         ပေ ၁၀၀ x ပေ ၁၀၀         =    ဧက ၁/၄ (တစ်မတ်)

–         ပေ ၅၀ x ပေ ၁၀၀            =    ဧက ၁/၈ (တစ်မူး)