author Call Us: 09503 2256
မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း တွေဖြစ်တဲ့ အိမ်ခြံ မြေ ကို မိဘ တွေက ကျန်ရစ်ခဲ့တဲ့ သားသမီးတွေ ကို အမွေပေးချင်တဲ့အခါမှာ ခိုင်ခိုင်မာမာ ပေးခဲ့နိုင်ဖို့အတွက် ပြုလုပ်ရမဲ့အချက်ကို မပြောခင် မှာ ရှေးဉီးစွာ ဗုဒ္ဓဘာသာဝင် မို့ “သေတမ်းစာ” ရေးပြီး အမွေပေးခြင်းကိစ္စက အကျုံးမဝင်တာလား ဆိုတာတဲ့အချက်ကို အကျယ်တဝင့်ရှင်းပြချင်ပါတယ်။ သေတမ်းစာကိစ္စ နဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက် သီပေါမင်းတရားကြီး ပါတော်မူသွားတဲ့ ၁၈၈၅ ရဲ့ နောက် လေးနှစ်အကြာမှာ ” အိမ်ခြံမြေပိုင်ဆိုင်မှုတွေနဲ့ သေတမ်းစာကိစ္စ” ကို မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းခြင်းကို ပြု လုပ်ခဲ့ကြပါတယ် ။ အဲ့ဒီအချိန်အခါတုန်းက (လွန်ခဲ့သော နှစ် ၁၀၀ ကျော်က ) ကင်းဝန်မင်းကြီး ဉီးကောင်းကလည်း “သေတမ်းစာ” ခြောက်စောင်တင်ပြပြီး […]

အိမ်ပွဲစားလုပ်မယ်ဆိုရင်မဖြစ်မနေဒါတွေ သိထားဖို့လိုမယ် အပိုင်း (၆)

အိမ်ပွဲစားလုပ်မယ်ဆိုရင်မဖြစ်မနေဒါတွေ သိထားဖို့လိုမယ် အပိုင်း (၆)

အိမ်ခြံမြေ ငှားရမ်းရာမှာ သိရှိထားရမဲ့ အိမ်ငှားပြသနာ ဖြေရှင်နည်းများ ၊‌ရောင်းဝယ်ရာမှာလည်း ငွေပြကြေးပြပါဖို့ ဘာလို့လိုအပ်တာလဲ ၊ အိမ်တစ်အိမ် ဝယ်ဖို့အတွက် ဘယ်လိုအချက်လက်တွေကို ပါအဓိကစစ်ဆေးရမလဲဆိုတာကို ပြီးခဲ့တဲ့အပိုင်း(၅) မှာတင်ဆက်ခဲ့ပြီးဖြစ်ပါတယ် ။ ယခုတစ်ပတ်မှာတော့ အပိုင်း(၆)ကို ဆက်လက် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ။ ၁။ ဗုဒ္ဓဘာသာဝင်အမျိုးသမီး ဗုဒ္ဓဘာသာဝင်မဟုတ်သော အမျိုးသားနှင့် အိမ်ထောင်ကျရင် အမွေကိစ္စ ၊ လင်မယားကွာရှင်းခြင်း ကိစ္စတွေမှာ မြန်မာဓလေ့ထုံးတမ်း ဥပဒေကသာ အာဏာသက်ရောက်ပါတယ်။ ၂။ ရောင်းခွင့်မရှိ ၊ ဝယ်ခွင့်ရှိသည် အရွယ်မရောက်သေးသူက ၎င်းပိုင်တိုက်ခြံတို့ကို ရောင်းခွင့်မရှိပါ။ သို့သော်ဝယ်ခွင့်ရှိပါတယ်။ (ဥပဒေက ခွင့်ပြုပါတယ်။ ) (ပစ္စည်းလွှဲပုဒ်မ ၅၄/ည ) ၃။ အမိန့်ကြော်ငြာစာအမှတ်(၃/၂၀၀၁) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် မိမိနယ်နိမိတ် အတွင်းရှိ လူနေမြေများကို စီမံခန့်ခွဲပိုင်ခွင့်ရှိပါသည်။ […]

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေဒါတွေသိထားဖို့လိုမယ် အပိုင်း (၅)

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေဒါတွေသိထားဖို့လိုမယ် အပိုင်း (၅)

အိမ်ပွဲစားတို့ မဖြစ်မနေ သိရှိရမဲ့ B.C.C နေထိုင်ခွင့်၊ အိမ်အကြီးစားအသေးစားပြင်ဆင်မှု ၊ ဂရန်သက်တမ်းတိုး ၊ ဂရန်ပျောက်ဆုံးအကြောင်းကို ပြီးခဲ့တဲ့ အပိုင်း (၄) မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ယခု တစ်ပတ်မှာတော့ အပိုင်း (၅) ကိုဆက်လက်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ ၁။မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းအဆောက်အအုံတည်ရှိရာဇုန် (နေရာ ) အတွင်းခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ခြင်း ၊ တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း ၊ ခြံဝန်းနယ်နိမိတ် တိုးချဲ့ခြင်းတို့ မပြုလုပ်ရပါ။ (အဝယ်မှားလို့ မဖြစ်တဲ့နေရာများအဖြစ် သတိပြုပါ) ၂။အစိုးရပိုင် တိုက်ခန်းများ တိုက်ဟောင်းတွေပါ ။ ခေတ်လည်းကုန်ပါပြီ။ ပိုင်ရှင်အမည်တွေ အဆင့်ဆင့် ပြောင်းလဲလာတာလည်းများနေပါပြီ။ ပြန်ဆောက်မယ် ၊ ပြင်မယ်ဆိုရင် ဖယ်ပေးရမှာက ကိုယ်။ ဈေးသက်သာတာနဲ့ မကာမိအောင် စိတ်ညစ်ရနိုင်တယ်။ ငှားနေချင်ရင် နေ ၊ […]

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေဒါတွေသိထားဖို့လိုမယ် အပိုင်း (၄)

အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေဒါတွေသိထားဖို့လိုမယ် အပိုင်း (၄)

အိမ်ပွဲစားပညာရပ်ရဲ့တစိတ်တပိုင်းတွေဖြစ်တဲ့ ကိုယ်စားလှယ်လွှဲစာ ၊ G.P နဲ့ စာချုပ်မှတ်ပုံတင်ခြင်း စရန်စာချုပ်ချုပ်ဆိုခြင်း အကြောင်းကို ပြီးခဲ့တဲ့အပိုင်း(၃)မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အပိုင်း (၄)ကို ဆက်လက်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ၁။ ဘီစီစီ (B.C.C) ဆောက်လုပ်ပြီး တစ်လအတွင်း လျှောက်ရပါတယ် ။ ရက် ၃၀အတွင်း စစ်ဆေးပြီး ဆက်တင်ပေးပါတယ် ။ ဒါပေမဲ့ “ဆောက်လုပ်မှု” ကွဲပြားလွဲချော်မှုတွေ ရှိရင်တော့ ရက်ကြာသွားတတ်ပါတယ် ။ ဒါကြောင့် B.C.C (နေထိုင်ခွင့်) မရသေးမီ ဝယ်မယ်ဆိုရင် သတိကြီးစွာ ထားပြီး ဝယ်ယူပါ ။ ( စည်ပင်ဉပဒေ ၃၁၂/င အရ ) ၂။ မီးအာမခံ မီးအာမခံအပြင် မြေပြို ၊ လေယာဉ်ပျက်ကျ ၊ ရေကြီး ၊ မုန်တိုင်း […]