မေးလေ့ရှိသော မေးခွန်းများ

မေးလေ့ရှိသော မေးခွန်းများ

ဟုတ်ကဲ့၊ အိမ်ရှင်များ / အိမ်ခြံမြေ အကျိုးဆောင်များအနေဖြင့် ကျွန်ုပ်တို့ Website ၏ အထူးကြော်ငြာ ကို အသုံးပြုခြင်းဖြင့် ပိုမိုမြန်ဆန်သော ရောင်းချ/ငှားရမ်းနိုင်ရေးအတွက် အထူးကူညီပေးပါသည်။

ပုံမှန်အားဖြင့် အိမ်ခြံမြေ ဝယ်ယူရာတွင် ဝယ်သူဘက်မှ အေဂျင်စီခ ပေးဆောင်ရန် မလိုပါ။ ရောင်းချသူ (အိမ်ရှင်) ဘက်မှသာ သဘောတူညီထားသည့် ရာခိုင်နှုန်းအလိုက် အေဂျင်စီခ ပေးဆောင်ရပါသည်။

မြန်မာနိုင်ငံ၏ ဓလေ့ထုံးစံအရ အိမ်ငှားရမ်းမည်ဆိုပါက ငှားရမ်းသည့် ကာလအပေါ်မူတည်ပြီး ဝန်ဆောင်ခ ယူပါသည်။ ဥပမာ- ၁ နှစ်စာချုပ်ချုပ်ဆိုပါက အိမ်ရှင်နှင့် အိမ်ငှား နှစ်ဖက်စလုံး (သို့မဟုတ်) သဘောတူညီချက်အရ တစ်ဖက်သက်မှ ၁ လစာ ငှားရမ်းခ (1 Month Rent) ကို အေဂျင်စီခအဖြစ် ပေးဆောင်ရလေ့ရှိပါသည်။

ရောင်းချသူ၏ ပိုင်ဆိုင်မှု အထောက်အထား (ဂရန်မူရင်း၊ အရောင်းအဝယ် စာချုပ်ဆက်စပ်မှုများ)၊ ရပ်ကွက်/ရာအိမ်မှူး ထောက်ခံချက်၊ တရားဝင် ပိုင်ဆိုင်ခွင့်ရှိသူ ဟုတ်မဟုတ် (NRC) နှင့် ကွန်ဒိုဆိုပါက တရားဝင် ဆောက်လုပ်ခွင့် ပါမစ်နှင့် အမည်ပေါက် စာရွက်စာတမ်းများကို သေချာစွာ စစ်ဆေးသင့်ပါသည်။

တရားဝင် မှတ်ပုံတင်ထားသော အထူးကိုယ်စားလှယ်လွှဲစာ (Special Power of Attorney - SPA) မူရင်း ရှိမရှိကို သေချာစစ်ဆေးရပါမည်။ Power ပေးထားသူသည် အသက်ရှင်လျက် ရှိသေးခြင်းနှင့် Power ၏ သက်တမ်း ကုန်ဆုံးခြင်း ရှိမရှိကို ရှေ့နေနှင့် တိုင်ပင်စစ်ဆေးရန် အကြံပြုလိုပါသည်။

ဟုတ်ကဲ့၊ မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးရေးဘဏ်များ (ဥပမာ- AYA Bank, CB Bank, Yoma Bank စသည်) နှင့် ချိတ်ဆက်ပြီး ကွန်ဒိုတိုက်ခန်းများနှင့် အချို့သော အိမ်ခြံမြေများကို Home Loan ဖြင့် ဝယ်ယူနိုင်ပါသည်။ ကျွန်တော်တို့ အေဂျင်စီမှ ဘဏ်ချေးငွေ လျှောက်ထားမှု လုပ်ငန်းစဉ်များကိုပါ ကူညီဆောင်ရွက်ပေးပါသည်။

ဟုတ်ကဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) သို့မဟုတ် သက်ဆိုင်ရာ မြို့နယ် ရုံးများတွင် မြေပုံ၊ မြေရာဇဝင် လျှောက်ထားခြင်း၊ အမည်ပေါက်ပြောင်းခြင်းနှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်သူများနှင့် ချိတ်ဆက်ကာ ဝန်ဆောင်မှုပေးနေပါသည်။

ပုံမှန်အားဖြင့် အိမ်လခ ၁ လစာကို ကြိုတင်ငွေ (Deposit) အဖြစ် ပေးဆောင်ရလေ့ရှိပြီး၊ ဤငွေသည် စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် အိမ်တွင်းပစ္စည်း ပျက်စီးဆုံးရှုံးမှု သို့မဟုတ် မီတာခ၊ ရေခ ကျန်ရှိမှုများ မရှိပါက ပြန်လည် ထုတ်ပေးမည့် ငွေဖြစ်ပါသည်။

အိမ်ငှားနေစဉ် ကုန်ကျမည့် လျှပ်စစ်မီတာခ၊ ရေဖိုးနှင့် အင်တာနက်ခတို့ကို အိမ်ငှားသူ ကိုယ်တိုင် တာဝန်ယူ ပေးဆောင်ရပါမည်။ တိုက်ခန်းများတွင် လစဥ်ကြေး (Maintenance Fee / ဓာတ်လှေကားကြေး) ပါဝင်ပါက အိမ်ရှင်နှင့် အိမ်ငှား မည်သူပေးရမည်ကို စာချုပ်တွင် အတိအကျ ဖော်ပြပေးရပါသည်။

ပိုင်ဆိုင်မှု စာရွက်စာတမ်း မိတ္တူ၊ တိုက်ခန်း သို့မဟုတ် အိမ်၏ ရှင်းလင်းသည့် ဓာတ်ပုံများနှင့် ရောင်းဈေး/ငှားဈေး သတ်မှတ်ချက်တို့ကို ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ် မှ ကြော်ငြာထည့် နေသော အေးဂျင့်များ၏ ဖုန်းနံပါတ် သို့မဟုတ် Viber မှတစ်ဆင့် ဆက်သွယ် အပ်နှံနိုင်ပါသည်။

လက်ရှိ ဈေးကွက်ပေါက်ဈေး (Market Value)၊ တည်နေရာ၊ အဆောက်အအုံ၏ အခြေအနေနှင့် ရပ်ကွက် ရေမြေ တည်နေရာတို့ကို အခြေခံ၍ သက်ဆိုင်ရာ မြို့နယ် အလိုက် ကျွမ်းကျင်သော အကျိုးဆောင်များမှ စျေးနှုန်းကို အကြံပြု သတ်မှတ်ပေးပါသည်။

ဟုတ်ကဲ့၊ အိမ်ရှင်နှင့် အိမ်ပြသမည့် အကျိုးဆောင် ကိုယ်စားလှယ်တို့ အဆင်ပြေစေရန် အနည်းဆုံး ၁ ရက် (သို့မဟုတ်) နာရီအနည်းငယ် ကြိုတင်၍ ဖုန်းဖြင့်ဖြစ်စေ၊ Viber မှတစ်ဆင့်ဖြစ်စေ ချိန်းဆိုပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

ကြီးမားသော တန်ဖိုးရှိသည့် ရောင်းဝယ်မှုများနှင့် ရှုပ်ထွေးမှုများ ရှိနိုင်သော စာချုပ်များအတွက် သက်ဆိုင်ရာ ဥပဒေအကြံပေး/ရှေ့နေများနှင့် ချိတ်ဆက်ပြီး နှစ်ဖက်စလုံး လုံခြုံစိတ်ချရသော တရားဝင် အရောင်းအဝယ် စာချုပ်များကို ချုပ်ဆိုပါက အကောင်းဆုံးသော အောင်မြင်မှု ဖြစ်နိုင်ပါသည်။

ငွေပေးချေမှုများကို ဘဏ်မှတစ်ဆင့် လွှဲပြောင်းခြင်း (Bank Transfer) သို့မဟုတ် ငွေသားဖြင့် ပေးချေခြင်းများကို စာချုပ်ပါ သဘောတူညီချက်အတိုင်း တရားဝင် ပြုလုပ်နိုင်ပါသည်။

ဟုတ်ကဲ့၊ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်ရှိ အချက်အလက်များကို နေ့စဉ်နှင့်အမျှ အပ်ဒိတ်လုပ်နေသော်လည်း၊ အိမ်ခြံမြေဈေးကွက် အခြေအနေအရ စျေးနှုန်း အပြောင်းအလဲ ရှိနိုင်ပါသဖြင့် အသေးစိတ်သိရှိလိုပါက ကြော်ငြာတင်ထားသည့် အကျိုးဆောင်ထံသို့ ဖုန်းခေါ်ဆို၍ အတည်ပြုနိုင်ပါသည်။

မလိုအပ်ပါ။ ဝက်ဘ်ဆိုဒ်မှတစ်ဆင့် မိမိနှစ်သက်ရာ အိမ်ခြံမြေများကို ကြည့်ရှုနိုင်ပြီး လိုအပ်ပါက အွန်လိုင်းမှပင် ချိန်းဆိုမှုများ၊ မေးမြန်းမှုများကို အလွယ်တကူ ပြုလုပ်နိုင်ပါသည်။

ဟုတ်ကဲ့၊ ဘယ်မြို့နယ်တွေမှာ ရင်းနှီးမြှုပ်နှံရင် ပိုကောင်းလဲ၊ အမြတ်အစွန်း ဘယ်လိုထွက်နိုင်လဲဆိုတဲ့ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အကြံဉာဏ်များကို ကျွန်ုပ်တို့၏ Sale Team သို့မဟုတ် Website ထဲတွင် Registered လုပ်ပြီး ကြော်ငြာ ထည့်သွင်းနေသော အကျိုးဆောင်များမှ အခမဲ့ အကြံဉာဏ်ပေး ဆွေးနွေးပေးပါသည်။

ကျွန်ုပ်တို့၏ ဖုန်းနံပါတ်များ၊ Viber၊ Email များအား ဝက်ဘ်ဆိုဒ်၏ "Contact Us" စာမျက်နှာတွင် အသေးစိတ် ကြည့်ရှုနိုင်ပြီး ရုံးချိန်အတွင်း တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါသည်။