Union House Myanmar website ၏ဝန်ဆောင်မှု နှင့်ပတ်သတ်သည့် အမေးအဖြေကဏ္ဍတစ်ခု

Union House Myanmar website ၏ဝန်ဆောင်မှု နှင့်ပတ်သတ်သည့် အမေးအဖြေကဏ္ဍတစ်ခု

June 12, 2026 Union House Admin
Union House Myanmar website ၏ဝန်ဆောင်မှု နှင့်ပတ်သတ်သည့် အမေးအဖြေကဏ္ဍတစ်ခု

မေး။ ။ unionhousemyanmar property website company က လုပ်ဆောင်နေသည့် website နှင့်ပတ်သတ်ပြီး နည်းနည်းလောက်ရှင်းပြပေးပါ။ဖြေ။ ။ ကျွန်တော်တို့အခုလုပ်နေတဲ့ website က အခမဲ့ website ပါ။ ပြည်သူတွေအနေနဲ့ ရောင်းချင်၊ဝယ်ချင်၊ငှားချင်သူတွေကို အခမဲ့ ဝင်တင်တာ ဝင်ရောက်လေ့လာတာတွေလုပ်နိုင်ပါတယ် ဝယ်သူတွေမှမဟုတ်ပါဘူး အကျိုးဆောင်တွေပါဝင်ရောက်အသုံးပြုနိုင်အောင်လုပ်ထားပါတယ်။

မေး။ ။ unionhousemyanmar property website company က လုပ်ဆောင်နေသည့် website နှင့်ပတ်သတ်ပြီး နည်းနည်းလောက်ရှင်းပြပေးပါ။ဖြေ။ ။ ကျွန်တော်တို့အခုလုပ်နေတဲ့ website က အခမဲ့ website ပါ။ ပြည်သူတွေအနေနဲ့ ရောင်းချင်၊ဝယ်ချင်၊ငှားချင်သူတွေကို အခမဲ့ ဝင်တင်တာ ဝင်ရောက်လေ့လာတာတွေလုပ်နိုင်ပါတယ် ဝယ်သူတွေမှမဟုတ်ပါဘူး အကျိုးဆောင်တွေပါဝင်ရောက်အသုံးပြုနိုင်အောင်လုပ်ထားပါတယ်။

မေး။ ။ ဘယ်လိုပုံစံတွေလုပ်ဆောင်သွာစမလဲဆိုတာရှင်းပြပေးပါဉီး။
ဖြေ။ ။ website အသုံးပြုသူအနေဖြင့် တစ်နိုင်ငံလုံးရှိ အငှား၊ အရောင်း တွေကိုခွဲခြားပေးထား ပြီး လိုချင်သည့် နေရာဒေသများနှင့် အိမ်ခြံမြေကွန်ဒိုတိုက်ခန်းများကို မိမိအသုံးပြုမည့် ငွေပမာဏ ကိုရိုက်ချပြီး အလွယ်တကူရှာလို့ရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အသုံးပြလွယ်ကူအောင် လုပ်ပေးသွားမှာဖြစ်လို့ အားလုံးအဆင်ပြေမယ်လို့လည်း မျှော်လင့်ထားပါတယ်။ ပြည်နယ်နှင့် တိုင်း အားလုံးခြုံငုံမိအောင်လုပ်ပေးသွားမှာပါ။

မေး။ ။ ဒီလိုမျိုးအခမဲ့ လုပ်ဆောင်ပေးထားတဲ့အပေါ်မှာ အသုံးပြုသူက အကျိုးဆောင်ခပေးရတာမျိုးရော ရှိပါသလား။
ဖြေ။ ။ website မှာက အခမဲ့အသုံးပြုသူ user တွေရော အခမဲ့အသုံးပြုသူ အကျိုးဆောင် လုပ်ငန်းရှင်များ အတွက်ပါ အခမဲ့ အသုံးပြုခွင့်ပေးထားလို့ အရောင်းအငှား ဖြစ်သွားမယ်ဆိုရင် ဝန်ဆောင်ခ အနေနဲ့ လုံးဝ (လုံးဝ) ပေးစရာမလိုပါဘူး။ အားလုံးကို အခမဲ့ လုပ်ပေးထားတာပါ။ ဒါက အခမဲ့ လုပ်ပေးထားတဲ့အပိုင်းပါ။ ဒီထဲမှာမှ package နဲ့ အထူးကြော်ငြာလုပ်ပေးတဲ့အပိုင်းတွေလဲရှိပါတယ်။

မေး။ ။ ဒီလိုမျိုး website လုပ်ရတဲ့ ရည်ရွယ်ချက်ကိုလည်းသိပါရစေ။
ဖြေ။ ။ ဒီလိုလုပ်ရတာက တကယ်သေချာလုပ်ကြည့်မယ်ဆိုရင် ကုသိုလ်လည်းရတယ်၊ ဝမ်းလည်းဝတဲ့ အလုပ်ပါ။ အဲ့တာကြောင့် အများအကျိုးဆောင် ကိုယ့်အကျိုးအောင် ဆိုတဲ့သဘောနဲ့ လုပ်ပေးတာပါ။ အချက်အလက် လိုချင်သူတွေအတွက်လည်း သတင်းတွေ၊ အချက်အလက်တွေ ကိုသိရှိနိုင်မှာပါ။ အိမ်ခြံမြေ နဲ့ ပတ်သတ်တဲ့ ဗဟုသုတအကြောင်းအရာ တွေကိုလည်း ဖော်ပြပေးသွားဖို့ လုပ်ထားပါတယ်။ အခုခေတ်က ဂျာနယ်ခေတ်ထက် online ခေတ်ဆိုတော့ အားလုံးလည်း အလွယ်တကူကြည့်နိုင်အောင်လို့ လုပ်ပေးတာပါ။

မေး။ ။ စတင်မိတ်ဆက်သွားရင်ရော ဘယ်လိုတိုင်းဒေသ ကနေ စတင်အသုံးပြုနိုင်မလဲ။
ဖြေ။ ။ wesite စတာနဲ့ မြန်မာတစ်နိုင်ငံလုံးအသုံးပြုနိုင်အောင် လုပ်ဆောင်သွားမှာပါ။ ရန်ကုန်တစ်မြို့ထဲအတွက်လုပ်ဆောင်တာမဟုတ်ပါဘူး။

မေး။ ။ website ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်တဲ့နေရာမှာ နယ်ဘက်က ဈေးကွက်ကို ဘယ်လောက်ထိမျှော်မှန်းထားပါသလဲ။
ဖြေ။ ။ နယ်ကတော့ ရန်ကုန်ထက်စာရင် နည်းမယ်ထင်ပါတယ်။ ရန်ကုန်က လူနေထူထပ်ပြီး လူဉီးရေများလို့ နယ်ထက်စာရင် ပိုများမှာပါ။ လယ်ယာမြေအတွက် ကိုတော့ အသိပညာပေးတာတွေ လုပ်ပေးသွားမှာပါ။

မေး။ ။ webiste ကို အသုံးပြုနိုင်ဖို့အတွက်ကရော ဘာသာစကားဘယ်နှစ်ခု ကို လုပ်ဆောင်ပေးထာစတာလဲရှင့်။
ဖြေ။ ။ website ကိုလုပ်တယ်ဆိုကတည်းက တစ်ဉီးတည်းအတွက် ရည်ရွယ်တာမဟုတ်လို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသုံးပြုလွယ်ကူ အဆင်ပြေချောမွေ့အောင် လုပ်ပေးတာပါ။ အဲ့ဒီမှာ ဝယ်သူ၊ ရောင်းသူ၊ ငှားသူ၊ ငှားချင်သူ များအနေနဲ့ ကျွန်တော်တို့ webiste ကိုအသုံးပြုပြီး ရောင်း၊ ဝယ်၊ ငှား ဖြစ်သွားမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ website လုပ်ပေးရကျိုးနပ်တာပေါ့ဗျာ။ ဒီနေရာမှာ သုံးစွဲသူတွေအတွက် မြန်မာ၊ English နဲ့ တရုတ် စတဲ့ဘာသာတွေကို သုံးနိုင်အောင်ပြုလုပ်ပေးထားပြီး google translate လုပ်နိုင်တဲ့ ဘာသာစကား အခု 40 ကိုလည်း ထည့်သွင်းပေးထားပါတယ်။

မေးသူ၏ကျေးဇူးတင်စကား…

Investing DIY Luxury Homes