အောင်လအန်ဆန် ၏ ၂၀၂၁ ဧပြီလ ၂၁ ရက် ထိုးသတ်ပွဲ

June 12, 2026 Union House Admin
အောင်လအန်ဆန် ၏ ၂၀၂၁ ဧပြီလ ၂၁ ရက် ထိုးသတ်ပွဲ

အောင်လအန်ဆန် ၏ ၂၀၂၁ ဧပြီလ ၂၁ ရက် ထိုးသတ်ပွဲ

အောင်လအန်ဆန်သည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလက ထိုးသတ်သည့်ပွဲတွင် နယ်သာလန် နိုင်ငံသား ဒီရစ်ဒါကို အရေးနိမ့်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကို လက်လွှတ်ခဲ့ရ၏။

           အောင်လအန်ဆန်နှင့် ရုရှား နိုင်ငံသား ဗစ်တာ လီဘစ်ဒက်ရှ် တို့သည်
မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်းများဖြစ်ကြသည်။သူတို့ နှစ်ဦးသည် ၂၀၁၇ ခုနှစ်တွင် နှစ်ပွဲထိုးသတ်ခဲ့ပြီး လေးနှစ် နီးပါးအကြာတွင် သုံးကြိမ်မြောက် ပြန်လည် တွေ့ဆုံကြတော့မည် ဖြစ်သည်။ပြီးခဲ့သည့် နှစ်ကြိမ်တွင် တစ်ပွဲစီအပြန်အလှန် အနိုင်ရထားကြသည်။အောင်လအန်ဆန် သည် ဘစ်ဒက်ရှ်ကို ဒုတိယအကြိမ် တွေ့ဆုံသည့်ပွဲတွင် အမှတ်ဖြင့် အနိုင်ရကာ ကမ္ဘာ့ချန်ပီယံဖြစ်လာခြင်းဖြစ်သည်။

          ONE Championship က ဧပြီ ၂၁ ရက်တွင် ကျင်းပမည့် ONE ON TNT III အမည်ရပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ် ဒက်ရှ်တို့ ၏ မစ်ဒယ်ဝိတ်တန်း စိန်ခေါ်
ထိုးသတ်ပွဲ က အဓိကတွဲဆိုင်းအဖြစ်ပါဝင်သည်။

        ထိုပွဲတွင်အနိုင်ရသူသည် လက်ရှိ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဒီရစ်ဒါ အားခေါ်ထိုးသတ်ခွင့်ရဖွယ်ရှိသည်။NE Championship သည် ဧံပြီ လတွင် ပြိုင်ပွဲလေးခုကျင်းပရန် စီစဉ် ထားပြီး ဧပြီ ၇၊ ၁၄၊ ၂၁ ရက်တွင်ပြုလုပ်သွားမည်ဖြစ်သည်။ 

         ယင်း ပြိုင်ပွဲများတွင် ချန်ပီယံကာကွယ်ပွဲ များနှင့် နာမည်ကြီးကစားသမား များ၏ စိန်ခေါ်ပွဲများ ပါဝင်မည်ဖြစ်ဖြစ်သည်။

အမ်းမ်လောင်ရွှီမှတ်စု ရေးသည်

Union House Myanmar LatestNews

Union House Myanmar Property Website

အိမ်ခြံမြေ ရောင်း၊၀ယ်၊ငှား (အခမဲ့) Data တင်ရန်နှင့် Registerလုပ်ရန်နှိပ်ပါ >>unionhousemyanmar.com

ONE CLICK ဖြင့်လူတိုင်းအိမ်ပိုင်ဆိုင်ခွင့်ရစေရမည်

Union House Myanmar Always For All

အားလုံးအတွက်ထာဝရ Union House

Tips Market Analysis Luxury Homes