author Call Us: 09503 2256

Union House Myanmar Website တည်ထောင်ရခြင်းရည်ရွယ်ချက် အင်တာဗျူး

Union House Myanmar Website တည်ထောင်ရခြင်းရည်ရွယ်ချက် အင်တာဗျူး

Union House Myanmar အိမ်ခြံမြေ website ၏ ရည်ရွယ်ချက် အင်တာဗျူး

မေး။ ။ မင်္ဂလာပါ အကို့နာမည်နဲ့အရင်ဆုံးမိတ်ဆက်ပေးပါဦး။
ဖြေ။ ။ ဟုတ်ကဲ့ ကျွန်တော် စည်သူမင်းပါ။ Union House Myanmar အိမ်ခြံမြေ website company ရဲ့ Director တစ်ဦးဖြစ်ပါတယ်။

မေး။ ။ အကို့အနေနဲ့ website တည်ထောင်ရခြင်းရည်ရွယ်ချက်ကိုပြောပြပေးပါဦး။
ဖြေ။ ။ ကျွန်တော်တို့အိမ်ခြံမြေ website ကိုတည်ထောင်ဖြစ်တဲ့ရည်ရွယ်ချက်က ရောင်းသူ၊ ဝယ်သူ၊ ငှါးချင်သူ နှစ်ဦးနှစ်ဖက်အတွက် အမြန်ဆုံးအဆင်ပြေသွားအောင် ကူညီပေးချင်တဲ့ စိတ်စေတနာနဲ့ ပေါင်းကူးတံတားကြီးတစ်ခုကို တည်ဆောက်ပေးချင်တာပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ website ကို (အခမဲ့) အကောင့်ဖွင့်ပြီးသုံးကြည့်ပါ တကယ့်ကို လုံးဝ(လုံးဝ) အဆင်ပြေသွာစမယ်လို့ယုံကြည်ပါတယ်။ ဟုတ်ကဲ့ website ကို အသုံးပြုပြီး အိမ်ခြံမြေလုပ်ငန်းရှင်ကြီးများအနေနဲ့ရော အိမ်ခြံမြေလိုအပ်နေတဲ့ လူကြီးမင်းများအားလုံးရော အဆင်ပြေသွားတယ်ဆိုရင် ကျနော်တို့ Union House Myanmar အိမ်ခြံမြေ website company အနေနဲ့ ဝမ်းသာပီတိဖြစ်ရတာပေါ့ခင်ဗျာ။

မေး။ ။ website ကိုရန်ကုန်မြို့ကိုပဲအဓိကထား သုံးနိုင်မှာလား တခြားနယ်မြို့တွေရော အသုံးပြုနိုင်မှာလား။
ဖြေ။ ။ ကျွန်တော်တို့ website ပေါ်မှာ အကောင့်ဖွင့်ထားလိုက်ရုံနဲ့ မြန်မာတစ်နိုင်ငံလုံးက အိမ်ခြံမြေရောင်းဝယ်ငှါးသတင်းအချက်အလက်တွေကို တစ်နေရာထဲ တစ်ချိန်ထဲမှာ တစ်စုတစ်စည်းထဲ ရှာဖွေသိရှိနိုင်မှာပါခင်ဗျာ။ အားသာချက်ကြီးတစ်ခုကလည်း တစ်နိုင်ငံလုံးရဲ့ မြို့နယ်အလိုက် အိမ်ခြံမြေရောင်းဝယ်ငှါးစာရင်းတွေကို စုံစုံလင်လင် အခမဲ့ လွှင့်တင်ပေးထားတာဘဲ ဖြစ်ပါတယ်။ အိမ်ခြံမြေနဲ့ ပတ်သက်ပြီး ဘာပဲသိချင်သိချင် Union House Myanmar website ထဲမှာ အကုန်လုံးရှိနေပါတယ်။

မေး။ ။ အကျိုးဆောင် company တွေနဲ့ အကျိုးဆောင်လုပ်ငန်းတွေ အတွက်ရော ဘယ်လိုများအသုံးပြုနိုင်ရန် ဘယ်လိုများ စီစဉ်ထားပါသလဲ။
ဖြေ ။ ။ အကျိုးဆောင် company တွေအနေနဲ့လည်းကျွန်တော်တို့ website စီမှာ အခမဲ့ အကောင့်ဖွင့်ထားမယ်ဆိုရင် မိမိတင်လိုတဲ့ အိမ်ခြံမြေ ရောင်းဝယ်ငှါး post တွေကိုစိတ်တိုင်းကျတင်နိုင်တာကြောင့် အရင်ထက် အရောင်းအဝယ်ကောင်းလာမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ယုံကြည်စိတ်ချစွာ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်

မေး။ ။ အိမ်ယာပရောဂျက်တွေနဲ့အရစ်ကျစနစ်လုပ်ထားပုံကိုလည်းပြောပေးပါဦး။

ဖြေ။ ။ ကျွန်တော်တို့ website မှာ ဆောက်လုပ်ပြီးခါနီး အိမ်ယာပရောဂျက်အသစ်တွေနဲ့ သတင်းအချက်အခက်အစုံအလင်ကို တစ်နေရာ ထဲဖတ်ရှုနိုင်အောင်စီစဉ်ပေးထားပါတယ်။ အခုခေတ် ဘဏ်လုပ်ငန်းတွေ ဖွံ့ဖြိုးလာတာနဲ့အညီ ဘဏ်အရစ်ကြစနစ်ကိုလည်း အဓိကထား ဆောင်ရွက်ပေးဖို့ရည်ရွယ်ပြီး လူကြီးမင်းတို့ နှစ်သက်ရာ ဘဏ်နဲ့ ချိတ်ဆက်ဝယ်ယူနိုင်ဖို့လည်း စီစဉ်ပေးထားပါတယ်။

မေး။ ။ ရှာဖွေမှုနေရာ အဆင်ပြေစေရန် ဘယ်လိုလုပ်ဆောင်ပေးထားပါသလဲ။
ဖြေ။ ။ ရှာဖွေတဲ့နေရာမှာအလွယ်ကူဆုံးဖြစ်အောင်မြို့နယ်အလိုက် အမျိုးအစားအလိုက် တိုက်ခန်း ကွန်ဒို မြေကွက် စက်မှုဇုန် အိမ်ယာပရောဂျက်များ အစရှိသဖြင့် သက်ဆိုင်ရာခေါင်းစဉ်ခွဲများအောက်မှာစနစ်တကျဖော်ပြထားပါတယ်။

မေး။ ။ သတင်းကဏ္ဍတစ်ခု အနေနဲ့ရော ဘယ်လိုများ ဖော်ပြပေးထားပါသလဲ။
ဖြေ။ ။ နေ့စဉ်နဲ့အမျှ up to date ဖြစ်တဲ့ အိမ်ခြံမြေသတင်းအချက်အလက်တွေကိုသိချင်ရင် Union House Myanmar မှာ 24နာရီလုံး ဝင်ကြည့်နိုင်ပါတယ်လို့ ပြောပါရစေ။

မေး။ ။ ဦးစည်သူမင်းအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ။ ။ ကျွန်တော်နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ တန်ဖိုးရှိတဲ့ အချိန်တွေကို မဆုံးရှုံးပဲ အကျိုးရှိရှိအသုံးချနိုင်အောင် one click နှိပ်လိုက်ရုံနဲ့ တစ်နိုင်ငံလုံးက အိမ်ခြံမြေ ရောင်းခြင်း ဝယ်ခြင်း ငှါးခြင်း တို့ အတွင် အလျှင်မြန်ဆုံးဖြစ်အောင် ကူညီပေးနိုင်တဲ့ website တစ်ခုဖြစ်လို့ အခုပဲ အခမဲ့ (0)ကျပ် ဖြင့် အကောင့်ဖွင့်ဖို့ ဖိတ်ခေါ်ပါတယ်။ Union House Myanmar Always For All ဆိုတဲ့ဆောင်ပုဒ်အတိုင်း အားလုံးအတွက်ထာဝရ အဆင်ပြေစေရန် ကူညီပေးဖို့ အသင့်ရှိနေပါပြီလို့ ကျနော်အနေနဲ့ပြောပါရစေ။

မေးသူများ၏ ကျေးဇူးတင်စကားနှင့် Union House Myanmar မှကျေးဇူးတင်စကား

English

Q: Hello, Please introduce yourself first.

A: Yes, my name is Si Thu Min. I am a Director of Union House Myanmar real estate website company.

Q: Please tell the purpose of doing this website?

A: The purpose of setting up our real estate website is to help sellers, buyers and We want to build a bridge with the intention of helping both parties to finish the job successfully as soon as possible. So, we hope you find this website really cool and easy to use. As a Union House Myanmar real estate website company, we would be happy if the real estate owners and all those who are in need of real estate use this website.

Q: Can the website be used only in Yangon or in other cities?

A: Just open an account on our website and you will be able to find real estate information from all over Myanmar in one place at the same time. One of the great advantages is that you can post free real estate listings by township in the whole country. Everything you need to know about real estate is on the Union House Myanmar website.

Q: How do you plan to use it for agencies and agencies?

A: We believe that if you have a free account on our websites, you will be able to customize your real estate sales posts and you will be able to sell better than before. Therefore, we invite you to cooperate in good faith

Q: Please tell the installment system for housing project.

A: On our website, you can read all the information about new housing projects and construction information in one place. With the development of the modern banking industry, we aim to focus on the banking installment system, and you can connect with the bank of your choice.

Q: How do you make search space more convenient?

A: To make it easier to find, it is systematically listed under the relevant sub-headings, such as apartments, condos, land, industrial zones, housing projects, etc. by township.

Q: As a news section, how is it presented?

A: For up-to-date real estate information, visit Union House Myanmar 24 hours a day.

Q: What would you like to add?

A: And last, the one-click website that helps you to buy, sell, and rent real estate all over the country with just one click, so I invite you to open an account now for free (0 Kyats). Let me say that we are ready to help make Union House Myanmar Always For All.

Thanks from the inquirers and thanks from Union House Myanmar

img

sithumin

Related posts

Union House Myanmar website ၏ဝန်ဆောင်မှု နှင့်ပတ်သတ်သည့် အမေးအဖြေကဏ္ဍတစ်ခု

Union House Myanmar website ၏ဝန်ဆောင်မှု...

Continue reading
sithumin
by sithumin

ဆရာကြီး ကြည်စိုး IC နှင့် Union House Myanmar မှ ဉီးစည်သူမင်း တို့ သိထားသင့်သော အိမ်ခြံမြေအကြောင်း အမေးအဖြေကဏ္ဍ

ဆရာကြီး ကြည်စိုး IC နှင့် Union House Myanmar မှ...

Continue reading
sithumin
by sithumin

Join The Discussion