စာချုပ်ချုပ်လျှင် ပါဝင်ရမည့် အချက်များ

Please enter your username or email address. You will receive a link to create a new password via email.
စာချုပ်ချုပ်လျှင် ပါဝင်ရမည့် အချက်များ
စာချုပ်ချုပ်ဆိုလို့သာ ချုပ်လိုက်ကြတယ်၊ စာချုပ်ဖြစ်ရင်ပြီးရောဆိုတဲ့ သဘောပြုလုပ်ကြတာများပါတယ်။ သေချာမချုပ်ဆိုခဲ့ရင် စိတ်ညစ်စရာ တစ်ထွေးကြီးနဲ့ ရှင်းရတာတွေ နောက်ပိုင်းကြုံတွေ့ကြရပါတယ်။ ဒါဟာ စာချုပ်မှာ ပါဝင်သင့်တဲ့အချက်တွေ မပါဝင်ဘဲ ပြီးပြီးရောဆိုတဲ့သဘော ချုပ်လိုက်ကြလို့ပါပဲ။ ဒါကြောင့် စာချုပ်ချုပ်တော့မယ်ဆိုရင် ပါဝင်သင့်တဲ့ အချက်တွေနဲ့ပတ်သက်ပြီး တင်ပြလိုက်ပါတယ်
ပစ္စည်းနဲ့ပတ်သက်ပြီး ချုပ်ဆိုတဲ့ စာချုပ်မျိုးဆိုရင် အောက်ပါအချက်တွေကို သတိပြုပြီး ပြည့်စုံအောင် ထည့်သွင်းချုပ်ဆိုဖို့လိုပါတယ်
– ဘယ်သူတွေ စာချုပ်ချုပ်ကြတာလဲ။
– ပစ္စည်းက ဘာပစ္စည်းလဲ၊ ဘယ်နေရာမှာရှိတာလဲ (ပစ္စည်းဆိုင်ရာ အချက်အလက် အပြည့်အစုံ ဖော်ပြဖို့ လိုတယ်)။
– အဲဒီပစ္စည်းကို ဘာလုပ်ဖို့ချုပ်ဆိုကြတာလဲ (ကမ်းလှမ်းချက်နဲ့ သဘောတူချက်)။
– ဒီလိုချုပ်ဆိုရာမှာ ဘယ်သူက ဘာတာဝန်တွေယူမှာလဲ။
– စည်းကမ်းချက်ကောထားမှာလား။
– ထားမယ်ဆိုရင် စည်းကမ်းချက်တွေက ဘာတွေလဲ။
– လုပ်ဆောင်ပေးမယ့်အရာတွေရဲ့ အသေးစိတ်အချက်အလက်တွေက ဘာတွေလဲ။
– တန်ဖိုးငွေ သတ်မှတ်ချက်ကောပါသလား။ ပါတယ် ဆိုရင် တန်ဖိုးငွေက ဘယ်လောက်လဲ။
– တန်ဖိုးငွေကို ဘယ်လိုပေးဆောင်ရမှာလဲ။
– တန်ဖိုးငွေပေးဆောင်တဲ့အတွက် တစ်ဖက်က ဘာလုပ်ပေးမှာလဲ။
– အဲဒီလုပ်ပေးမှုဟာ ရော့ပတ္တမြား၊ ရော့နဂါး တစ်ပြိုင်တည်း လုပ်ဆောင်ပေးမှုလား၊ ဒါမှမဟုတ် ကန့်သတ်ချက်ထားမှာလား။
– ကာလသတ်မှတ်ချက်ပါသလား။ ပါရင်အချိန်ကာလ။
– သတ်မှတ်ချက် ဘယ်လိုသတ်မှတ်မလဲ။
– တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုလိုက်နာကြရမှာလဲ။
– ပျက်ကွက်ခဲ့ရင် ပျက်ကွက်သူရဲ့ တာဝန်ကဘာလဲ။
– တစ်ဖက်ရဲ့ ပျက်ကွက်မှုကြောင့် နစ်နာသူရဲ့ အကျိုးခံစားခွင့်က ဘာလဲ။
– စာချုပ်ကို ဘယ်နေရာ၊ ဘယ်နေ့ရက်၊ ခုနှစ်သက္ကရာဇ် မှာ ပြုလုပ်ချုပ်ဆိုကြတာလဲ။
– ဘယ်သူတွေရဲ့ ရှေ့မှောက်မှာပြုလုပ်ချုပ်ဆို လက်မှတ်ရေးထိုးကြတာလဲ။ ဒီမေးခွန်းတွေမေးပြီး မိမိစာချုပ်နဲ့ သက်ဆိုင်မယ့်အချက်တွေကို မေ့မကျန်ရစ်အောင် ပြည့်ပြည့်စုံစုံ ရေးသားတတ်ဖို့ လိုအပ်ပါတယ်။
Credit to original up loader
#unionhousemyanmar
#Union_House_Myanmar_Always_For_All
#Real_Estate_Knowledge
ကျွန်တော်တို့ မြန်မာအများစုဟာ...
Continue readingမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...
Continue reading
Join The Discussion