” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓
အခုနောက်ပိုင်းတိုက်ခန်းအရောင်းအဝယ်တွေမှာ မြေရှင်လက်မှတ်တောင်းတဲ့ကိစ္စတွေက
အတော်လေးစိပ်လာတယ်။
တရားခွင်ရင်ဆိုင်ရတဲ့အခါမှာလည်း
မြေရှင်လက်မှတ်ကအရေးပါတယ်လို့မှတ်ယူကြတယ်။
မြေရှင်လက်မှတ်ပါမှ
တရားဝင်အမည်ပေါက်ပိုင်ဆိုင်ရမှာလား 🤔
ဒါမှမဟုတ်
အစိုးရမှာ အခွန်ဆောင်မှ
နာမည်ပေါက်ရမှာလား 🤔
ခေတ်ကာလအခြေအနေအရ
နှစ်ခုလုံးမှန်တယ််လို့ဆိုလို့ရပါတယ်။
တိုက်ခန်းအရောင်းအဝယ်တွေမှာမြေရှင်လက်မှတ်အရေးပါလာရခြင်းရဲ့သမိုင်းကြောင်း
• တိုက်ခန်းအရေအတွက်များတာရယ်
• အမည်ပေါက်ဖောက်တဲ့အခါ
ကျော်ဖြတ်ရမယ့်အဆင့်တွေများတာရယ်
• အချိန်ကုန်ငွေကုန်မချင်တာတွေရယ်နဲ့
• အခွန်ရှေင်ချင်တာတွေကြောင့်
အခွန်ဆောင်မနေတော့ပဲ
အရေးအကြီးဆုံး မြေရှင်ကိုပဲ ခေါင်းတည်ပြီး နှစ်ယောက်ရောင်း၊ သုံးယောက်ရောင်းဖြစ်နေခဲ့ရင်
မြေရှင် အသိအမှတ်ပြု လက်မှတ်ပါထားသူကအနိုင်ဆိုပြီး သူ့အရပ်နဲ့သူ့ဇာတ်နဲ့ လုပ်ကြရင်းနဲ့
မြေရှင်လက်မှတ်ဆိုတာ
အရေးပါတဲ့ ကဏ္ဍမှာ ပါဝင်လာပါတော့တယ်။
ဒါကြောင့်အခုနောက်ပိုင်းမှာ
✓ မြေရှင်လက်မှတ်ရှိရင်အမှုကိစ္စတိုင်း
နိုင်နိုင်သလို
✓ အမည်ပေါက်ရှိရင်ပိုင်ဆိုင်မှုခိုင်မာနိုင်ပါတယ်
ဒါပေမယ့် တိုက်ခန်းဥပဒေအနေနဲ့ဆိုရင်တော့
အခုအချိန်ထိ မြေရှင်လက်မှတ်ကို
တရားဝင်အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
ဒါကြောင့်မို့
အရှုပ်အရှင်းကင်းလိုသူတွေနဲ့
ဥပဒေနဲ့အညီပိုင်ဆိုင်မှုခိုင်ခိုင်မာမာရှိလိုသူတွေအနေနဲ့ကတော့ တရားဝင်အမည်ပေါက်ဖောက်ရပါမယ်။
အခုလိုဗဟုသုတရစရာ ဆောင်းပါးလေးတွေ
ဖတ်ရှုချင်သေးတယ်ဆိုရင်တော့
ဒီပို့စ်လေးကို ” Share ” ခလုတ်လေးကိုနှိပ်ပြီး မျှဝေပေးသွားပါဦး။
အိမ်ခြံမြေနဲ့ပက်သက်ပြီး အရောင်းအဝယ်လုပ်ချင်တယ်ဆိုရင်တော့ ရောင်းရောင်းဝယ်ဝယ် ယုံကြည်စိတ်ချရတဲ့ 𝐔𝐧𝐢𝐨𝐧 𝐇𝐨𝐮𝐬𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရှိပါတယ်နော်
အသေးစိတ်ကို
☎️ 09 5032256 နဲ့
☎️ 09 759873201
Join The Discussion