စာချုပ်စာတမ်းတွေမှတ်ပုံတင်ဖို့ဘာတွေလိုအပ်သလဲ by sithumin November 15, 2020 General Real Estate Knowledge 0 စာချုပ်စာတမ်းတွေမှတ်ပုံတင်ဖို့ဘာတွေလိုအပ်သလဲ စာချုပ်စာတမ်းတွေမှတ်ပုံတင်ဖို့ဘာတွေလိုအပ်သလဲနံပါတ် ၁ လုပ်ဆောင်ရမှာကတော့လျှောက်လွှာစာချုပ်တစ်ဆောင်ဝယ်ယူရမှာပါပဲသတိထားရမှာတစ်ခုကတော့ ဝယ်လာတဲ့လျှောက်လွှာမှာ အခွန်တံဆိပ်ခေါင်းတစ်ခု ကပ်နှိပ်ထားပါစေရောင်းသူတွေနဲ့ဝယ်သူတွေဒါ့အပြင်သက်သေလိုက်ပေးသူတွေမှာပါနိုင်ငံသားကဒ်ပါကိုပါရပါမယ်ရောင်းသူဝယ်သူနှစ်ဦးလုံးဟာမြန်မာနိုင်ငံသားဖြစ်ရပါမယ် ဒါ့အပြင် တံဆိပ်ခေါင်းကပ်နှိပ်ပြီးတာန့ ရောင်းသူဝယ်သူသက်သေတို့လက်မှတ်ရေးထိုးရပါမယ်ပြီးတာနဲ့ချက်ချင်းထလုပ်ရမှာကအဲ့စာချုပ်ကိုမိတ္တူ ၂ စုံလောက်ကူးထားလိုက်ပါမြေရာဇဝင်ကိုတော့မူရင်းပြရပါလိမ့်မယ်မြေပုံကိုလည်းပဲမူရင်းတင်ပြရပါလိမ့်မယ်အထက်ပါ မြေပုံနဲ့မြေရာဇဝင်ကိုလဲမိတ္တူကူးထားပါမြေဂရန်မူရင်းလဲပါလာရပါလိမ့်မယ် အဆိုပါမြေဂရန်ကိုလဲမိတ္တူကူးပါရောင်းသူအနေနဲ့ ကိုယ်ရောင်းမယ့်ပစ္စည်းကိုအဆင့်ဆင့်ရောင်းချခြင်းရှိလျှင်တရားဝင်ဆက်စပ်စာချုပ်များယူလာရမှာပဲဖြစ်ပါတယ် ပြည့်စုံလျှင် စာချုပ်စာတမ်းမှတ်ပုံတင်ဌာနမှူးမှ စစ်ဆေးပြီးမှတ်ပုံတင်ပေးမှာပဲဖြစ်ပါတယ်နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ Union HouseMyanmar မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ#Union House Myanmar#Union House Myanmar always for all
Join The Discussion