ယနေ့ခေတ်မှာစာချုပ်စာတမ်း ချုပ်ဆိုတဲ့အခါ ဥပဒေနှင့်ညီညွတ်ရပါတယ်

ပစ္စည်းလွှဲပြောင်း ခြင်းအက်ဥပဒေ

ပဋိညာဉ်ဥပဒေ

မှတ်ပုံတင်ဥပဒေ

တံဆိပ်ခေါင်းခွန် အက်ဥပဒေနှင့်
အခြားဆက်စပ်ဥပဒေများနှင့်အညီ ဆောင်ရွက်ရပါတယ်


ဒီတစ်ခါပြောပြပေးချင်တာကတော့



ပဋိညာဉ်ဥပဒေအရ ပျက်ပြယ်သော သဘောတူညီချက်များဖြစ်ပါ
တယ်( ၁၀ ချက်ကိုပြောပြပေးမှာဖြစ်ပါတယ်)

သဘောတူသူများအနက် တစ်ဦးဦးသည် ပဋိညာဉ်ပြုနိုင်ခွင့်ရှိသူ
မဟုတ်ခြင်း၊

ကတိနှင့်ညီညွတ်ချက်၊ ရည်ရွယ်ချက်တစ်စုံတစ်ရာသည်
ဥပဒေနှင့် ဆန့်ကျင်ခြင်း၊

သဘောတူကြသူ နှစ်ဖက်စလုံးမှ သဘောတူချက်ပြုလုပ်သည့်
အချက်များအနက် ကြီးကျယ်သောအချက်တွင် မှားယွင်းခြင်း၊

သဘောတူချက်တွင် ကတိနှင့်ညီညွတ်ချက်တစ်စုံတစ်ရာမပါ
ခြင်း၊

သဘောတူညီချက်တွင် အိမ်ထောင်ပြုခြင်းကို တားမြစ်ထားသည့်
အချက်ပါခြင်း၊

သဘောတူချက်သည် ကုန်သွယ်ခြင်းကိုလည်းကောင်း၊
မိမိအသက် မွေးဝမ်းကျောင်း အလုပ်လုပ်ကိုင်ခြင်းကိုလည်းကောင်း
တားမြစ် ခြင်း၊

သဘောတူချက်သည် တရားစွဲဆိုမှုကို တားမြစ်ခြင်း၊

သဘောတူချက်သည် အဓိပ္ပာယ်မရှင်းလင်း၍ နားမလည်အောင်
မသေချာ မရေရာဖြစ်ခြင်း၊

သဘောတူချက်သည် လောင်းကစားမှုသက်ရောက်ခြင်း၊

သဘောတူချက်သည် မဖြစ်နိုင်သည့်အရာကို ပြုလုပ်ရန်ဖြစ်ခြင်း
တို့ပဲဖြစ်ပါတယ်။
နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ Union House
Myanmar မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
#Union House Myanmar always for all
Join The Discussion