မြေငှားစာချုပ်မြေ(သို့မဟုတ်)ဂရန်မြေ by sithumin November 15, 2020 General Real Estate Knowledge 0 မြေငှားစာချုပ်မြေ(သို့မဟုတ်)ဂရန်မြေ ဂရန်မြေ ဆိုတာ နိုင်ငံတော်ကချမှတ်ပေးထားတဲ့ နိုင်ငံတော်ပိုင်မြေပဲဖြစ်ပါတယ် ဒီနေ့မှာတော့ ဂရန်မြေ ရဲ့အချက်လေးတွေကိုမင်မင်ကပြောပြပေးပါ့မယ်နော်ခုနပြောခဲ့သလိုပါပဲ ကျွန်တော်တို့နေထိုင်နေတဲ့မြေတွေ(ဂရန်မြေ)ဟာနိုင်ငံတော်ပိုင်မြေတစ်မျိုးပါပဲပိုင်ရှင်ကတော့ တစ်ပါးသူကိုရောင်းချပိုင်ခွင့်အပြည့်ရှိပါတယ်ဒါမှမဟုတ် ပေါင်နှံပိုင်ခွင့်လဲရှိပါတယ်အိမ်ငှားတင်ပြီး ငှားစားပိုင်ခွင့်လဲရှိပါတယ်သားစဉ်မြေးဆက် အလျောက် လက်ဝယ်ပိုင်ဆိုင်ခွင့်ရှိပါတယ်မိမိပိုင်ဂရန်မြေပေါ်မှဖြစ်ပေါ်သောအကျိုးအမြတ်များကိုခံစားပိုင်ခွင့်ရှိပါတယ်လဲလှယ်ပိုင်ခွင့်လဲရှိပါသေးတယ်တစ်ပါးသူကို ဆန္ဒအရပေးကမ်းပိုင်ခွင့်လဲရှိပါတယ်အမွေဆက်ဆံခွင့်ရှိပါတယ်ဒါတွေကတော့ဂရန်မြေရဲ့သိကောင်းစရာအချက်လေးတွေကိုစုစည်းဖော်ပြပေးထားတာပဲဖြစ်ပါတယ် ကျွန်တော်တို့Union House Myanmar မှဒီလိုအိမ်ခြံမြေနဲ့ပတ်သတ်တဲ့လူအများအကျိုးရှိစေတဲ့ postလေးတွေကိုအမြဲတင်ပေးနေတာဖြစ်တဲ့အတွက် မိတ်ဆွေတို့အနေနဲ့ ကျွန်တော်တို့page လေးကိုlike လေးလုပ်ပေးထားဖို့တောင်းဆိုပါရစေခင်ဗျာ#Union House Myanmar#Union House Myanmar always for all
Join The Discussion