ယနေ့ခေတ်တွင် အိမ်ခန်း၊ ဆိုင်ခန်းများ ငှားရမ်းနေထိုင်တာ များပြားလာတာနဲ့ အမျှ အခွန်အကြောင်းအရာများလည်း ပါဝင်လာပါပြီ။ ဒါကြောင့်မို့ Union House Myanmar ကနေ မိတ်ဆွေတို့ သိသွားစေရန် အလို့ငှာ အစိုးရစာမျက်နှာတစ်ခုကနေ ပြန်လည်ဝေမျှလိုက်ပါတယ်

– ဘဏ္ဍာနှစ်တစ်နှစ်အတွင်း မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်းမှ ရငွေ စုစုပေါင်းကျပ်သိန်း ၅၀၀ ကျော်လျှင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကျသင့်ပါမည်။ (၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေ ပုဒ်မ ၁၄(င))
– ထို့ပြင်စုစုပေါင်းငှားရမ်းခရငွေအပေါ် ပုဒ်မ ၆ အရ သက်သာခွင့်များနုတ်ပယ်ပြီး ကျန်ငွေအပေါ် (၁၀ရာခိုင်နှုန်း)ဖြင့် သီးခြားဝင်ငွေခွန်ကျသင့်ပါမည်။ (Tax Calculator link တွင် ဝင်ရောက်တွက်ချက် ခန့်မှန်းနိုင်ပါသည်။)
– မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်း ငှားရမ်းစာချုပ်တွင်မူ အောက်ပါအတိုင်း တံဆိပ်ခေါင်းခွန်ကပ်နှိပ် ထမ်းဆောင်ရ ပါမည်။( မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေဇယား ၁ အမှတ်စဉ် ၃၅ )
– ငှားရမ်းကာလ ၁ နှစ်ထက်မပိုလျှင် (ငှားရမ်းခရငွေ၏ ၀.၅ ရာခိုင်နှုန်း)
– ငှားရမ်းကာလ ၃ နှစ်ထက်မပိုလျှင် (ပျမ်းမျှငှားရမ်းခရငွေ၏ ၀.၅ ရာခိုင်နှုန်း)
– ငှားရမ်းကာလ ၃ နှစ်ထက်ပိုလျှင် (ပျမ်းမျှငှားရမ်းခရငွေ၏ ၂ ရာခိုင်နှုန်း)
– နှစ်ရှည်ငှားရမ်းခြင်းဖြစ်လျှင် (ပထမ ၁၀ နှစ်အတွက် ပေးရမည့်ငွေ၏ နှစ်စဉ်ပျမ်းမျှ ရငွေအပေါ် ၂ ရာခိုင်နှုန်း)
– အငှားစာချုပ်မှာ ထာဝစဉ်ဖြစ်သည့်သဘောသက်ရောက်လျှင်(ပထမနှစ် ၅၀ အတွက် ပေးရမည့်ငှားရမ်းခငွေ၏ ၅ ပုံတစ်ပုံအပေါ် ၂ ရာခိုင်နှုန်း)
– တံဆိပ်ခေါင်းခွန်ကို ငှားယူသူက ပေးဆောင်ရပါမည်။
ဆောင်သင့်တဲ့ အခွန်များအကြောင်း သိထားရင်း မှန်ကန်စွာ လုပ်ဆောင်နိုင်ကြပါစေ

Join The Discussion