
ဌာနသတ်မှတ်လျှောက်လွှာ


ဆောက်လုပ်ခွင့်လျှောက်လွှာပုံစံ


အဆောက်အအုံကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်း
မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာမှ တင်ပြရန်


ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့်မြေပိုင်ဆိုင်မှု
ပြဿနာပေါ်ပေါက်ခြင်းတို့အတွက် ဌာန၏ ညွှန်ကြားချက်ကို
လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်းမြေရှင်မှ ခံဝန်ကတိ
တင်ပြရန်


အိမ်ရှင်/အိမ်ငှား ပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်း
ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တင်ပြရန်


ဘေးကပ်လျက် မြေကွက်ပိုင်ရှင်များ၏ သဘောထားတင်ပြရန်


အဆောက်အအုံခိုင်ခံ့မှုနှင့်ပတ်သက်၍ မှတ်ပုံတင်လက်မှတ်ရ
အင်ဂျင်နီယာမှ တာဝန်ယူကြောင်း ခံဝန်ကတိတင်ပြရန်


အဆောက်အအုံဟောင်းဖျက်သိမ်းခွင့်လျှောက်လွှာပုံစံ


အဆောက်အအုံဟောင်းဖျက်သိမ်းရာတွင်
ဘေးကပ်လျက်ရှိသော အဆောက်အအုံ ပျက်စီးမှုမရှိစေရန်
ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ
အင်ဂျင်နီယာ/ ဗိသုကာနှင့်မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်


ကန်ထရိုက်တိုက်ပုံစံဖြစ်ပါက လျှောက်ထားသူ၊
လိုင်စင်ရကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင်လက်မှတ်ရ
အင်ဂျင်နီယာ/ဗိသုကာတို့မှ သတ်မှတ်ထားသည့်
စည်းကမ်းချက်များအားလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း
ခံဝန်ကတိတင်ပြရန်


လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
(မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာ တည်းတွင်
အပေါ်/အောက်ကူးရန်)


မြေပိုင်ဆိုင်မှုအထောက်အထားမိတ္တူ


မိသားစုလုံးချင်းနှင့် စီးပွါးရေးလုပ်ငန်းသုံး အဆောက်အအုံ
ပုံစံဖြစ်ပါက လျှောက်ထားသူနှင့် မှတ်ပုံတင်
လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ
လက်မှတ်ရေးထိုး ထားသော အဆိုပြု ပုံစံ(၃)စုံ (A3 Size)


ကန်ထရိုက်တိုက်ပုံစံဖြစ်ပါက လျှောက်ထားသူ၊
လိုင်စင်ရကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင် လက်မှတ်ရ
အင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုး ထားသော
အဆိုပြု ပုံစံ(၃)စုံ (A3 Size)


ဖျက်သိမ်းမည့် အဆောက်အအုံဟောင်း၏ဓါတ်ပုံ
နှင့်ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓါတ်ပုံ


ကန်ထရိုက်တိုက်ပုံစံနှင့် စီးပွါးရေးလုပ်ငန်းသုံး
အဆောက်အအုံပုံစံများ ဖြစ်ပါက မီးသတ်ဦးစီးဌာန၏
အကြံပြုချက် စသည်တို့ဖြစ်ပါသည်

Join The Discussion