Please enter your username or email address. You will receive a link to create a new password via email.
၁။ လှေကားအောက် ချောင်နေရာလေးက တော်တော်လေးနေရာ ကျယ်ပြီး အသုံးဝင်တယ်ဆိုတာ သတိမထားမိလောက်ကြပါဘူး။ စာကြည့်စင်တွေ၊ အိပ်ယာတွေ၊ ကော်ဖီစားပွဲတွေနဲ့ နောက် အခုလို ဖိနပ်စင်လေးတွေအဖြစ် တည်ဆောက်ပြီး သိမ်းဆည်းထားလို့ ရနိုင်ပါတယ်။
၂။ တချို့အိမ်တွေမှာ စင်လေးတွေနဲ့ နံရံတွေမှာကပ်ပြီး အလှထားတဲ့ ပစ္စည်းလေးတွေလိုမျိုးလည်း ဖိနပ်ကလေးတွေကို အလှကြည့် ပစ္စည်းတွေအဖြစ်ထားလို့ရနိုင်ပါသေးတယ်။နံရံဘက်ကို စင်ကပ်ရိုက်ပြီး လှပပြီးချစ်စရာကောင်းတဲ့ ဖိနပ်ကလေးတွေ သပ်သပ်ရပ်ရပ်ထားလိုက်မယ်ဆိုရင်လည်း ကြည့်ကောင်းပြီး နေရာအပိုသိမ်းဆည်းထားစရာမလိုတော့ပါဘူး။
၃။ နောက် အလှပန်းအိုးတင်ခုံတို့၊ ကော်ဖီစက်တင်တို့ နဲ့ အလှစားပွဲလို ခုံတွေရဲ့ အောက်ခြေနေရာလွတ်လိုနေရာမျိုးတွေမှာလည်း ဖိနပ်ကလေးတွေကို ရသလောက် စီထည့်ပြီးသိမ်းဆည်းထားနိုင်ပါတယ်။
၄။ အခုနောက်ပိုင်း အဝတ်အစားဗီဒိုတို့၊ နံရံကပ် ဗီဒိုတို့မှာလည်း ဖိနပ်လေးတွေအတွက် ထည့်စရာအံကပ်၊ အံစွဲတို့ စသဖြင့်ထည့် သွင်းပြီး တည်ဆောက်လာကြပါတယ်။ဒီတော့ တစ်လက်စတည်း သိမ်းဆည်းလို့ရနိုင်တဲ့အတွက် နေရာအသစ်အပိုရှာစရာမလိုတော့ပါဘူး။
၅။ နောက်ပြီး နံရံတွေကို ဒီအတိုင်းအပိုလွှတ်ပြီးတည်ဆောက်မယ့်အစား အနည်းငယ်အတွင်းသားနေရာချန်ထားမယ်ဆိုရင် ဖိနပ်လေးတွေအတွက် သိမ်းဆည်းထားလို့ရနိုင်မယ့်နေရာလေးတောင် ဖြစ်လာနိုင်ပါတယ်။
ကျွန်တော်တို့ မြန်မာအများစုဟာ...
Continue readingမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...
Continue reading
Join The Discussion