အိမ်တချို့ရဲ့ အဝင်အဝမှာ ကြည့်မှန်တွေ ဘာလို့ထားကြသလဲ

Please enter your username or email address. You will receive a link to create a new password via email.
အိမ်တချို့ရဲ့ အဝင်အဝမှာ ကြည့်မှန်တွေ ဘာလို့ထားကြသလဲ ⁉️
အိမ်တချို့ရဲ့ အဝင်ပေါက်မှာ ဖြစ်ဖြစ်၊ ပြတင်းပေါက်၊ တံခါးတွေ နားမှာ ဖြစ်ဖြစ် ကြည့်မှန်တစ်ချပ်ကို ချိတ်ဆွဲထားတာကို တွေ့ဖူးကြမှာပါ ☺️
ဒါဟာ အိမ်ရဲ့ ချို့ယွင်းချက်ကို ပြုပြင်ဖို့ ဆန်းဗေဒင်သဘောအရ ယတြာချေခြင်း တစ်မျိုးပါ 🏵
ဘာလို့ ချိတ်ဆွဲထားသလဲ ဆိုတာကတော့ နေထိုင်တဲ့ အိမ်ကအရမ်းကျဉ်းပြီး ခေါင်းရင်းအိမ် ဒါမှမဟုတ် ခြေရင်းအိမ်က အရမ်းမြင့် နေတယ်ဆိုရင် ဆန်းဗေဒင်ပညာ အရ ထိုအိမ်က အညံ့၊အခိုက်တွေ ရှိတတ်ပါတယ် 🧅
မိမိရဲ့သားသမီး၊ လက်အောက်ငယ်သားတွေ ကျန်းမာရေး၊ စီးပွားရေး ညံ့ဖျင်းတတ်ပါတယ်။မျက်နှာချင်းဆိုင်အိမ်က အရမ်းမြင့်ပြီး ခေါင်းမိုးအချွန်ကကိုယ် နေတဲ့ အိမ်နဲ့ တည့်တည့်ကျရင်လည်း အိမ်မှာကံညံ့တတ်ပါ တယ်။ မြန်မာတို့ရဲ့ ဆန်းဗေဒင်ကျမ်းတွေမှာရော တရုတ်ပြည်ရဲ့ ဖုန်းရွှေ ပညာမှာပါ အခိုင်အမာဖော်ပြ ထားပါတယ် 📜
သည်လိုဖြစ်နေတဲ့ အိမ်အများစုဟာ နေအိမ်ရဲ့ မျက်နှာချင်း ဆိုင် ဒါမှမဟုတ် ခြေရင်း၊ ခေါင်းရင်းမှာ စက်ရုံ၊ အလုပ်ရုံ ၊နေအိမ်ထက် ပိုမြင့်တဲ့ တိုက်၊ နေအိမ် တစ်ခုခု ရှိ နေပါက သင့်အိမ်ရဲ့ ပြတင်းပေါက် မှာ အလင်းကောင်းမွန် စွာ ပြန်နိုင်တဲ့ မှန်တစ်ချပ်ကို တပ်ထားလိုက်မယ်ဆိုရင် အိမ်မှာအဆိုးအညံ့ တွေ ပြယ်ပြီး လုပ်ကိုင်သမျှ အကြံအစည်တွေ အောင်မြင်စေပါတယ်။ ဈေးဆိုင်၊ စားသောက်ဆိုင် တည်ထားတဲ့ အိမ်တွေဆိုရင်ဆိုင်ရဲ့ အရှေ့အရပ်ကိုမူပြီးတော့ မှန်တစ်ချပ်ကို ချိတ်ဆွဲထားသင့်ပါတယ် 🤩
ထိုသို့ ချိတ်ဆွဲထားခြင်း ဖြင့် ဝင်ငွေနှစ်စ်ဆတိုးတက်ပြီး အရောင်းအဝယ် ကောင်း မွန်စေတာ ကြောင့် ယုံကြည်သူအများအပြားက အိမ်ရဲ့အဝင်ပေါက် မှာ ချိတ်ဆွဲထားရတာ ဖြစ်ပါတယ်။ ချိတ်ထား တဲ့ မှန်ကို မကွဲဖို့ ၊သန့်စင်နေစေဖို့နဲ့ အလင်းကောင်းစွာ ပြန်နိုင်ဖို့ကို တော့ သတိပြုပါ။ အိမ်ရဲ့ အရှေ့ဘက်၊ခြေရင်းအိမ်၊ ခေါင်းရင်းအိမ်၊ မျက်နှာချင်းဆိုင်အိမ်တွေ ကို လှည့်ထားဖို့ကို ဂရုပြုပါ 😇
Credit: The Kumudra
#unionhousemyanmar
#Union_House_Myanmar_Always_For_All
#Real_Estate_Knowledge
#About_Real_Estate
ကျွန်တော်တို့ မြန်မာအများစုဟာ...
Continue readingမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...
Continue reading
Join The Discussion