ဧက ၂၇၀၀ ရှိ NeverLand ခြံနှင့် မိုက်ကယ်ဂျက်ဆင်

Please enter your username or email address. You will receive a link to create a new password via email.
ဧက ၂၇၀၀ ရှိ NeverLand ခြံနှင့် မိုက်ကယ်ဂျက်ဆင်
မိုက်ကယ်ဂျက်ဆင်ဆိုသူကား ကမ္ဘာကျော်ပေါ့စတားသူဌေးဖြစ်၏။အသက်ရှည်ရှည်နေဖို့ရည်မှန်းကာ အစီအမံမျိုးစုံလုပ်ခဲ့ပေမဲ့အရွယ်ကောင်းစဉ် ၂၀၀၉ ခုနှစ် ဇွန်လတွင် သေဆုံးခဲ့၏။ လော့စ်အိန်ဂျလိစ် ရှိ အိမ်တစ်အိမ်တွင် ဆေးလွန်ပြီး နှလုံးဖေါက်ကာ သေခဲ့သည် ဆို၏။ မသေမီ ၄ နှစ်ခန့် (၂၀၀၅ ခုနှစ်)ထိနေလာခဲ့သောအိမ်မှာ သူ၏အမည်ကျော် NeverLand ခြံကြီးဖြစ်သည်။
ထိုခြံကြီး၏နောက်ဆက်တွဲထူးခြားသတင်းတွေကလည်းယခုထိကြားနေဆဲ။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၌ ထိုခြံကြီးတည်ရှိသည်။ ထိုခြံကို မိုက်ကယ်ဂျက်ဆင်က ၁၉၈၇ခုနှစ်တွင် ဒေါ်လာ ၁၉ ဒသမ ၅ သန်းဖြင့် ဝယ်ယူနေထိုင်ခဲ့သည်။ ဧရာမ ခြံကျယ်ကြီးဖြစ်ပြီး ဧက ၂၇၀၀ ရှိသည်။
NeverLand တွင် တိရစ္ဆာန်ရုံနှင့် ကလေးကစားကွင်းပါ တည်ဆောက်ထား၏။ ထိုခြံသို့ ကလေးများနှင့် မိဘများကို ပုံမှန် လာလည်ခွင့်ပြုခဲ့၏။ သို့သော် ခြံသို့လာလည်သောကလေးများကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှုဖြင့် အမှုရင်ဆိုင်ခဲ့ရသည်။ ၂၀၀၅ ခုနှစ်တွင် တရားသေလွတ်ခဲ့သော်လည်း ထိုကာလမှစ၍ ထိုအိမ်၌ ပေါ့စတား ပြန်မနေတော့ပေ။
မိုက်ကယ်ဂျက်ဆင်၏အောင်မြင်မှုမှာ ကြောက်ခမန်းလိလိ လျှမ်းလျှမ်းတောက်ဖြစ်ခဲ့ပြီး၊ အသုံးအဖြုန်းလည်း အလွန်ကြီးသည်၊ ဝင်ငွေလည်းသောက်သောက်လဲဝင်ခဲ့သည်။ သူသေပြီးနောက် ပေးဆပ်ရမည့်ငွေကြေးကလည်း များလှသည်။ ထို့ကြောင့်နာမည်ကျော် NeverLand ခြံကြီးကို ၂၀၁၅ ခုနှစ်တွင် ဒေါ်လာသန်း ၁၀၀ ဖြင့် စျေးခေါ်ခဲ့သည်။ အိမ်ခြံမြေ အရောင်းအဝယ်စျေးကွက်၌ ထိုခြံမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေခဲ့၏။ လွန်ခဲ့သောနှစ်က ဒေါ်လာ ၃၁သန်း ဖြင့် စျေးခေါ်ထား၏။ ၂၀၂၀ခုနှစ်ကုန်ပိုင်းတွင်မူ မိုက်ကယ်ဂျက်ဆင်၏ မိတ်ဆွေ “ရွန်ဘာကယ်” က ဒေါ်လာ ၂၂သန်းဖြင့် ဝယ်ယူလိုက်ကြောင်း သတင်းများထွက်ပေါ်လာသည်။ အမည်ကျော်တို့၏ခြံများမှာ စျေးကောင်းရတတ်သော်လည်း ယခုမူ ပြောင်းပြန်ဖြစ်နေသည်။
ကျွန်တော်တို့ မြန်မာအများစုဟာ...
Continue readingမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...
Continue reading
Join The Discussion