author Call Us: 09503 2256

ရည်ရွယ်ချက် မကောင်းသော အိမ်အောက်ကလိုဏ်ခေါင်း

ရည်ရွယ်ချက် မကောင်းသော အိမ်အောက်ကလိုဏ်ခေါင်း

ရည်ရွယ်ချက် မကောင်းသော အိမ်အောက်ကလိုဏ်ခေါင်း

ရည်ရွယ်ချက် မကောင်းသော အိမ်အောက်ကလိုဏ်ခေါင်း


              မက္ကဆီကို နိူင်ငံတွင်ဖြစ်သည်။Pamela အမည်ရှိ အိမ်ထောင်ရှင် အမျိူးသမီးသည် Antonioအမည်ရှိ ပန်းရံတစ်ဦးနှင့် တိတ်တိတ်ပုန်း ဖေါက်ပြန်နေသည်။


             ထိုင်းအမျိူးသမီး၏ခင်ပွန်းဖြစ်သူ Jorgeသည်တစ်နေ့ အလုပ်မှစောစော ပြန်ရောက်လာသည်။ဖေါက်ပြန်နေပုံကို လက်ပူးလက်ကြပ်မိသည်။ပန်းရံသမားသည် အိမ်ထဲမှာပင် ထွက်ပြေးပျောက်ကွယ်သွားသည်။Jorgeသည် တစ်အိမ်လုံးကို ရှာဖွေခဲ့ရာ လိုဏ်ခေါင်းတစ်ခုကို တွေ့သည်။ထိုလိုဏ်ခေါင်းအတိုင်း လိုက်သွားရာ သူများမိန်းမကို ကြာခိုသူ Antonio၏ အိမ်သို့ ရောက်သွားသည်။ကြာခိုသူအား သူကထိုးလိုက်ရာ ကြာခိုသူ၏မိန်းမက ရဲထံတိုင်လိုက်သည်။ရဲစခန်းတွင် Jorgeက လိုဏ်ခေါင်းအတွင်းထွက်ပြေးသော ကြာခိုသူအကြောင်းကို ပြောပြရာ ကြာခိုသူကလည်း ဝန်ခံသည်။


             ကြာခိုသူသည် အိမ်၂အိမ်ကို ဆက်သွယ်သွားလာနိူင်ရန် မြေအောက်လိုဏ်ခေါင်းကို တူးဖေါက်ခဲ့ခြင်းဖြစ်သည်။ကြာခိုသူသည် ဖေါက်ပြန်ကျူးလွန်ရန် သွားရောက်ရာ၌ လူမြင်မှာကို စိုးရိမ်သဖြင့် လိုဏ်ခေါင်းတူးခဲ့ခြင်းဖြစ်သည်။


            ကမ္ဘာပေါ်တွင် လိုဏ်ခေါငိးပုံစံမျိူးစုံကို ရည်ရွယ်ချက်အမျိူးမျိူးဖြင့် တူးဖော်ခဲ့ကြောင်းလေ့လာတွေ့ရှိရသည်။အစ္စရေးနိူင်ငံ အတွင်းသို့ထိုးဖောက်ဝင်ရောက် တိုက်ခိုက်လိုသော ပါလက်စတိုင်း လက်နက်ကိုင်များသည် စစ်ရေးအရ လိုဏ်ခေါင်းတူးဖေါ်ခဲ့ကြဖူးသည်။ကျောက်တောင်းတန်းပြီးအတွင်း လိုဏ်ခေါငးဖေါက်၍ ကားလမ်း၊ရထားလမ်းကို အသုံးပြုခဲ့ကြရာ မိုင်ပေါင်းများစွာ ချုံ့ပေးနိူင်ခဲ့ကြသည်။ပင်လယ်ရေအောက်၌လည်း လိုဏ်ခေါင်းလမ်းများ တည်ဆောက်ခဲ့ကြဖူးသည်။ထောင်ဖောက်ပြေးသူများ၏ လိုဏ်ခေါင်းများသည် ပေါ်ခဲ့ဖူး၏။ယခုသတင်းပါ လိုဏ်ခေါင်းကတော့ ကြာခိုဖို့ဖြစ်ရာ ရည်ရွယ်ချက်ယုတ်ညံ့လှပေတော့၏။

img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion