လေဆိပ်အနီးရှိ အိမ်ခြံမြေစျေးကွက်
လေဆိပ်အနီးဝန်းကျင်ရှိ လူနေအိမ်များသည် အနိမ့်ပိုင်းပျံသန်းသော လေယဉ်များ၏ ပျက်ကျမှု အန္တရာယ်ကို ကြုံရနိူင်သည်။ကြုံခဲ့ရသော ဖြစ်ရပ်သာဓကများလည်းရှိခဲ့သည်။
အမေရိကန်နိူင်ငံ မီချီဂန်ပြည်နယ် ဒီထရွိုက် မြို့ပြင်ဘက်ရှိ လူနေရပ်ကွက်သည် လေဆိပ်မှ မိုင်ဝက် မျှအကွာတွင်ရှိသည်။အနိမ့်ပိုင်းပျံသန်းလာသော အသေးစားလေယဉ်ငယ် တစ်စီးသည် ထိုရပ်ကွက်ရှိ လူနေအိမ်တစ်လုံးပေါ်သို့ ပျက်ကျသွားခဲ့သည်။လေယဉ်ပျက်ကျချိန်တွင် ထိုနေအိမ်ရှိမိသားစုဝင် ငါးဦးစလုံး ရှိနေခဲ့ကြသော်လည်း၊ ကံကောင်းထောက် မစွာပင် ထိခိုက်သေဆုံးမှု မဖြစ်ခဲ့ကြပေ။လေယဉ်ပေါ်တွင် လိုက်ပါလာကြသော လေယဉ်မှူးအပါအဝင် သူ့ဇနီးနှင့် သားဖြစ်သူတို့ ၃-ဦးမှာမူ သေဆုံးသွားခဲ့ကြသည်။
လေဆိပ်အနီးဝန်းကျင်တွင် လေယဉ်အတက်အဆင်းကြောင့် အသံဆူညံမှုများအပြင် အိမ်ပေါ်သို့လေယဉ်ပျက်ကျနိူင်သော ပြဿနာများကြောင့် ထိူနေရာရှိ အိမ်ခြံမြေဈေးကွက်သည် အချို့သောနိူင်ငံများ၌ အေးစက်စက်ဖြစ်လေ့ရှိသည်ဟု သုံသပ်ကြသည်။
Join The Discussion