မြစ်ကူးတံတားကြီးနှင့် မြို့ပြဖွံ့ဖြိုးရေး

Please enter your username or email address. You will receive a link to create a new password via email.
မြစ်ကူးတံတားကြီးနှင့် မြို့ပြဖွံ့ဖြိုးရေး
မြစ်ကူးတံတားကြီးများသည် အလွန်အံ့ဩစရာကောင်းလောက်အောင် မဖွံဖြိုးသေးသောဖက်ကို ဖွံ့ဖြိုးစည်ကားလာစေကြောင်းတွေ့ရသည်။ မြန်မာနိူင်ငံတွင် ပထမဆုံးမြစ်ကူးတံတားမှာ အင်္ဂလိပ် ကိုလိုနီခေတ် ၁၉၃၄-ခုနှစ်က ဖွင့်လှစ်ပေးခဲ့သော စစ်ကိုင်းတံတား (ခေါ်) အင်းဝတံတားဖြစ်သည်။တံတားအမျိူးအစားမှာ CamtiLever Bridgeဖြစ်ပြီး အင်းဝနှင့်စစ်ကိုင်းကို (ဧရာဝတီမြစ်ကိုဖြတ်၍) တည်ဆောက်ထားသည်။တံတား အရှည်မှာ ၁၁၂၈ မီတာဖြစ်သည်။ဒုတိယကမ္ဘာစစ် ကာလ၌ အင်္ဂလိပ်တို့ ဆုတ်ခွါရာတွင် ထိုတံတားကြီးကို ဖျက်ဆီးခဲ့သည်။မြန်မာနိူင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၅၄-ခုနစ်တွင် ထိုတံတားကို ပြန်လည်အသုံးပြုခဲ့သည်။
ဦးပိန်တံတားဟုမှားယွင်းရေးသားကြသော တောင်သမန်တံတား(၁၈၅၁-ခုနှစ်ဖွင့်လှစ်)နှင့် ဂုတ်ထိပ်တံတား(၁၉၀၁-တွင် ဖွင့်လှစ်) တို့မှာ သမိုင်းဝင်တံတားများဖြစ်သော်လည်း မြစ်ကူးတံတားများကား မဟုတ်ပေ။
၁၉၈၀-ပြည့်လွန်နှစ်များတွင် သံလျှင်မြစ်ကူးတံတားကြီးကို တရုတ်အင်ဂျင်နီယာများက တညိဆောက်ပေးခဲ့ရာ မြန်မာအင်ဂျင်နီယာများလည်း နည်းပညာလွှဲပြောင်းရယူ(Technology Transfer)နိူင်ခဲ့သည်ဟု ဆိုသည်။ထိုသို့ ရယူခဲ့ပြီးနောက် ပထမဆုံး မြန်မာအင်ဂျင်နီယာများ ကိုယ်တိုင် တည်ဆောက်နိူင်ခဲ့သော တံတားမှာ ရန်ကုန်နှင့်လှိုင်သာယာကို ဆက်သွယ်သည့် လှိုင်မြစ်ကူး ဘုရင့်နောင်တံတားဟု ဆိုသည်။ဘုရင့်နောင်တံတား ရှိလာခြင်းကြောင့် ဧရာဝတီတိုင်း၏ ဝင်ပေါက်တံခါးပွင့်သွားပြီး စပ်မှုဇုန်များ ဖွံဖြိူးရေးစီမံကိန်းများစွာ တည်ရှိသော လှိူင်သာယာမြို့နယ်မှာ အကြီးအကျယ်ပင် စည်ကားလာခဲ့၏။သို့သော် စနစ်တကျဖွံဖြိုးလာရန်ကား များစွာကြိုးစားရဦးမည်ဖြစ်သည်။အခြားမြစ်ကူးတံတားများစွာလည်း တည်ဆောက်ခဲ့ကြသည်။
ရန်ကုန်တောင်ဖက်ဖွံဖြိုးရေးအတွက် အလွန်အရေးပါလာမည့် စီမံကိန်းကား ဒလတံတားပင် ဖြစ်သည်။ထိုတံတားကို ၂၀၂၂-ခုနှစ် အောက်တိုဘာလတွင် အပြီးသတ်မည်ဟုဆိုသည်။
နွေရာသီ၌ မြစ်...
Continue readingကို ဗစ် ကာကွယ်ဆေး...
Continue reading
Join The Discussion