author Call Us: 09503 2256

မုဒိန်းသမားများရန်ကို ကာကွယ် တုံ့ပြန်မဲ့ ညှပ်ဖိနပ်

မုဒိန်းသမားများရန်ကို ကာကွယ် တုံ့ပြန်မဲ့ ညှပ်ဖိနပ်

မုဒိန်းသမားများရန်ကို ကာကွယ် တုံ့ပြန်မဲ့ ညှပ်ဖိနပ်

မုဒိန်းသမားများရန်ကို ကာကွယ် တုံ့ပြန်မဲ့ ညှပ်ဖိနပ်


              အိန္ဒိယနိူင်ငံ၊ဟိုင်ဒါရာဘတ်မြို့တွင် နေထိုင်သူ အသက် ၁၈-နှစ်အရွယ်         ဆစ်ဒေါ့သ်မန်ဒါလာသည် ထူးဆန်းသော ခြေညှပ်ဖိနပ်ကို တီထွင်ဖန်တီးခဲ့သည်။ခြေညှပ်ဖိနပ်က သုံးစွဲသူအမျိူးသမီးများအား မုဒိန်းသမားများရန်မှ ကာကွယ်ပေးမည်ဖြစ်သည်။အန္တရာယ်နှင့်ကြုံလာလျှင် “ခြေမ” နေကို ၅-စက္ကန့်ကြာဖိထားရုံဖြစ်သည်။ခြေညှပ်ဖိနပ်သည် မုဒိန်းသမားရန်မှ လွတ်အောင်ထွက်ပြေးနိူင်မည့် စက္ကန့်ပိူင်းစာ အချိန်ကို ဖန်တီးပေးနိူင်သည်။တစ်ချိန်တည်းတွင် အနီးဆုံးရဲစခန်းနှင့်မိသားစုဝင်များကိုလည်း ဒုက္ခရောက်နေကြောင်း အသိပေး အကြောင်းကြားနိုင်သည်။နေ့စဉ် လှျောက်လမ်းနေသည်​့ ခြေလှမ်းများဖြင့် ဖိနပ်ကိုစွမ်းအင်ပေးနိူင်သည်၊

            ထိုဖိနပ်စီးထားသူသည် ခြေမနေရာကို ၅-စက္ကန့်ဖိထားပြီး၊မုဒိန်းကောင်ကို ကန်လိုက်ပါက မုဒိန်းကောင်ကို ၀.၁ အမ်ပီယာဖြင့် ဓါတ်လိုက်စေမည့်ဖြစ်သည်၊မုဒိန်းကောင်သည် ၂-စက္ကန့်လောက် မလှုပ်နိုင်တော့ပေ၊ထွက်ပြေးရန် အချိနိလုံလောက်သည်။


           မန်ဒါလာက သူ၏ခြေညှပ်ဖိနပ်ကို ဈေးကွက်သို့ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။သူသည် အိန္ဒိယနိူင်ငံတွင် မုဒိန်းမှု ဖြစ်ပေါ်နေကြောင်း ကြားသိခဲ့ရပြီးနောက် မိခင်နှင့်မိသားစုများထဲမှ အမျိူးသမီးများကို စိူးရိမ်လာသဖြင့် ယခုဖိနပ်ကို တီထွင်ခဲ့သည်။သူသည် ၂၀၁၂-ခုနှစ်က မုဒိန်းမှုဆန့်ကျင်ဆန္ဒပြပွဲတစ်ခု ၌ ပါဝင်ခဲ့သည်။သို့သော် ဆန္ဒပြပွဲများက မုဒိန်းမှုများကို ဖြေရှင်းနိုင်မည်ဟု မယုံကြည်ပေ။ထို့ကြောင့် လက်တွေ့ကျသည့်နည်းကို ဖန်တီးမညိ့ ဖိနပ်ကိုတီထွင်ခဲ့ခြင်းဖြစ်သည်။သူသည် ယခင်ကလည်းကလေးငယ်များကို ပြန်ပေးသမားများနှင့် လူမှောင်ခိုကူးသူများမှကာကွယ်ရန် ကိုယ်ပိုင် GPSစနစ် တည်ဆောက်တတ်အောင် သင်ပေးခဲ့သည်။

#UnionHouseMyanmarWriter-အမ်းမ်းလောင်ရွှီ
#UnionHouseMyanmarGeneralKnowledgeNews
Union House Myanmar Property Website

အိမ်ခြံမြေ ရောင်း၊ဝယ်၊ငှား (အခမဲ့) Data တင်ရန်နှင့် Registerလုပ်ရန်နှိပ်ပါ >>unionhousemyanmar.com

ONE CLICK ဖြင့်လူတိုင်းအိမ်ပိုင်ဆိုင်ခွင့်ရစေရမည်
Union House Myanmar Always For All
အားလုံးအတွက်ထာဝရ Union House

img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion