ပါမစ်မြေအကြောင်းပြီးတဲ့အခါမှာတော့ စလစ်မြေအကြောင်း သိထားသင့်တာလေးတွေ ပြောပြပေးပါအုံးမယ်

ရန်ကုန်မြို့စွန် မြို့နယ်များတွင် ဂရန်မရှိသေးသော ပါမစ်မြေများ၊ စလစ်မြေများကို ၀ယ်ယူမည်
ဆိုပါက စလစ်ဟောင်းများ၊ မိတ္တူကူးထား သော စလစ်များနှင့် စလစ် အမည်ပေါက်သူ မဟုတ်ဘဲ
တစ်ဆင့်ခံရောင်းချခြင်းများ ရှိနေသောကြောင့် နစ်နာမှုမရှိစေရန် ပိုင်ဆိုင်မှုအထောက်အထား၊
စာရွက်စာတန်းများကို သေချာစိစစ်ဝယ်ယူသင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောပါတယ်။
“မြို့စွန်မှာ စလစ်မြေဝယ်မယ်ဆိုရင် မြေ ရောင်းမယ့်သူနဲ့ သက်ဆိုင်ရာမြေစာရင်းရုံးမှာရှိတဲ့ ပါမစ်
စာရွက်ထဲမှာပါတဲ့ နာမည်ပေါက် ဓာတ်ပုံနဲ့ ကိုက်ညီမှု ရှိ၊ မရှိ သေချာစိစစ်သင့် တယ်။ ပါမစ်စာ
ရွက်ထဲမှာ ပါတဲ့သူနဲ့ ရောင်းတဲ့ သူ မတူရင် ဒီလိုမြေကွက်မျိုးကို မဝယ်သင့်ဘူး”ဟု ရွှေကံမြေ
အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းမှ ဦးခင်မောင်အေးက ပြောကြားခဲ့ပါတယ်။
လယ်သမားနဲ့ရွာသူ၊ ရွာသားတွေကိုတော့ သူတို့ရဲ့အလုပ်မှတ်ပုံတင်နဲ့ချထားပေးတဲ့ ရပ်ကွက်နဲ့မြေကွက် အမှတ်တွေပါတဲ့ စလစ်စာရွက်လေးတစ်ရွက်ပေးပါတယ်။အဲ့ဒီစလစ်စာရွက်ပေါ်မှာ မြေကွက်ချထားပေးတဲ့ဌာန၊ ဥပမာ- မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအမည်တံဆိပ်အဝိုင်းနှင့် တာဝန်ခံအရာရှိရဲ့လက်မှတ်ပါရှိပါတယ်။ ပြီးတော့မှ မြေချပါမစ်ရအောင် ဆက်လျှောက်ထားပြီးယူရပါတယ်။
နယ်မြို့တွေမှာတော့ စလစ်မြေစာရွက်၊စာတမ်းထုတ်ပေးတယ်လို့ သိရပါတယ်။မိမိအမည်ပေါက် ပုံစံ(၁၀၅) မြေပုံထွက်လာအောင် ဆက်လက်လျှောက်ထား ရပါတယ်။ အဲ့ဒီနောက်မှ နှစ်(၃၀) ဂရန်မြေ အနှစ်(၆၀) ဂရန်မြေတို့ကိုလျှောက်ရတယ်လို့ဆိုပါတယ်။ ရန်ကုန်မှာတော့ အနှစ်(၆၀)ဂရန် မြေငှားစာ ချုပ်ကိုင်ထားမှ စိတ်ချရပါမယ်လို့ သိရှိရပါတယ်။
စလစ်မြေနှင့် ပါမစ်မြေများမှာ ပိုင်ဆိုင်မှု အထောက်အထားခိုင်မာပြီး နောက်ပိုင်း စည်ကားလာပါက
မြေဈေးမှာ မခန့်မှန်းနိုင်အောင် အဆများစွာမြင့်တက်သွားနိုင်ကြောင်း အိမ်ခြံ မြေအကျိုးဆောင်များ
က ပြောပါတယ်။
Join The Discussion