အိမ်ပွဲစားနှင့်စာချုပ်နှစ်မျိုးအကြောင်း

အိမ်ပွဲစားအကျိုးဆောင် ဆရာကြီးတွေအတွက် အိမ်ခြံမြေနဲ့ပတ်သတ်ပြီးသိသင့်သိထိုက်တဲ့ ဗဟုသုတအစုံအလင်ကို အပတ်စဉ် တင်ဆက်ပေးနေတာမို့ မိမိတို့ သိရှိထားသည်များကို ဆက်လက်မွမ်းမံ ပေါင်းထည့်ဖို့ရန်အတွက် Union House Myanmar Facebook Page ကို Like & Follow လေးလုပ်ထားဖို့ ေရှးဦးစွာအကြံပြုအပ်ပါတယ်ခင်ဗျာ ။
ယခုအခါမှာတော့ အသုံးချအိမ်ပွဲစားပညာရပ်နဲ့ပတ်သတ်ပြီးမျှဝေပေးသွားမှာပဲဖြစ်ပါတယ် ။ပစ္စည်းပိုင်ရှင် အိမ်ရှင်တွေအနေနဲ့ အိမ်ကို ရောင်း ၊ ငှား ၊ ပေါင် ချင်ပေမဲ့ တာဝန်ကို သေချာမသိဘူးဆိုတာ ကိစ္စမရှိပေမဲ့ အိမ်ပွဲစားကြီးတွေကတော့ တိတိကျကျ မသိဘူးဆိုရင် အလုပ်လုပ်တဲ့နေရာမှာ အခက်ခဲ ပြသနာတွေပေါ်ပေါက်လာမှာအသေအချာပါ ။တကယ်လို့ ပစ္စည်းပိုင်ရှင်က ကိုယ်ပိုင်တဲ့ပစ္စည်းကိုရောင်းချင်ပြီဆိုရင် ပစ္စည်းကိုဘယ်လိုဘယ်ပုံ ပိုင်ဆိုင်တယ် ဆိုတဲ့ တိတိကျကျ အဆက်စပ် စာရွက်စာတမ်းပြည့်ပြည့်စုံစုံ ကို ပြောနိုင် ၊ ပြနိုင်ရပါမယ် ။ ထိုပစ္စည်းကို ရောင်းပိုင်ခွင့်ရှိသူတစ်ဦးဖြစ်ကြောင်းလည်း ပြနိုင်ရပါမယ် ( ပိုင်ဆိုင်တဲ့သူတိုင်းက ရောင်းပိုင်ခွင့်ရှိကြတာမဟုတ်ပါဘူး ) ကိုယ်ရောင်းတော့မဲ့ပစ္စည်းမှာ ချို့ယွင်းချက်ရှိလျှင်ရှိကြောင်း ၊ မရှိလျှင် ဘာချို့ယွင်းချက်မှမရှိကြောင်း ရဲရဲတင်းတင်းထုတ်ဖော်ပြောဆိုရပါမယ်။ (ပြောဆိုချက်နဲ့လက်တွေ့ ကွာခြားမှု တော့မရှိစေရပါဘူး ) အထက်ပါပြောဆိုခဲ့တဲ့ အချက်နဲ့ပတ်သတ်သမျှ စာရွက်စာတမ်းတွေကို အကုန်အစင် စီစဉ်ထားပြီးဖြစ်ရပါမယ် ( ဖြစ်နိုင်ရင် မိတ္တူတစ်စုံနဲ့ပြသခြင်းက ထိရောက်ပါတယ် ) ဝယ်ယူသူ ၊ ငှားလိုသူ သိလိုတဲ့အကြောင်းအရာနဲ့ပတ်သတ်ပြီးတော့လည်း ကိုယ်သိသမျှကို ဖြေဆိုပေးဖို့ တာဝန်ရှိပြန်ပါတယ်
– ပစ္စည်းပိုင်ရှင်တွေအနေနဲ့က ကိုယ့်ပစ္စည်းကို စရန်ကြီးယူထားပြီးသည်အထိလည်း သေသေချာချာ မပျက်စီးအောင် စောင့်ရှောက်ထားရမှာဖြစ်ပြီး ရောင်းချတဲ့ပစ္စည်းအတွက် ငွေအပြေချေပြီးတာနဲ့ ပစ္စည်းကို လွှဲပြောင်းပေးရမှာက ထုံးစံပါ
– အကြောင်းကြောင်းကြောင့် ပစ္စည်းကို မလွှဲသေးမှီကာလအတွင်း မှာ အခွန်အခအားလုံးကို ပစ္စည်းပိုင်ရှင်ကပဲ ထမ်းဆောင်ရမှာပါ
– ပစ္စည်းကို ဝယ်ယူသူက တစ်ယောက်မဟုတ်ဘူး တစ်ယောက်ထက်ပိုနေတာဆိုရင်တော့ ငွေပမာဏအများဆုံးချေသူရဲ့လက်ထဲကိုပဲ စာရွက်စာတမ်းအားလုံးကို ပေးအပ်ရမှာဖြစ်ပါတယ် ( အတိုမှတ်ရန် – ရှုပ်ရှင်း ၊ ချို့ယွင်း ၊ အကုန်ပြ ၊ မေးတာ ၊ စောင့်ရှောက်ကြ ၊ ပြီးလျှင်အကုန်လွှဲ ၊ များလည်းလွှဲ ၊ မလွှဲခင်ထမ်း ၊ များသူယူစတမ်း )
ထိုကဲ့သို့ ..ရောင်းသူတာဝန်ကို ရောင်းသူကသေချာသိမယ် ၊ ဝယ်သူတာဝန်ကို ဝယ်သူကလည်းသေချာသိမယ် ၊ အိမ်ပွဲစားကလည်း ညက်ညက်ကျေသိထားတယ်ဆိုရင် လက်ထဲကို ပွဲခတွေ လည်းလျောလျောရှူရှူရောက်လာကြမှာပါ ၊ အဲ့ဒီ့အချက်တွေထဲက တစ်ချက်ချို့ယွင်းလိုက်ရင်တော့ အရောင်းအဝယ်ကိစ္စမှာ ပြသနာပေါ်လာတော့တာပါပဲ။
နောက်ထပ်အရေးကြီးတာတစ်ခုက စာချုပ်ရေးတဲ့နေရာမှာပါ ပွဲဖြစ်ပြီဆိုရင် စာရန်ကြီးချတယ် ၊ စာချုပ်ချုပ်တယ် ၊ ပွဲခယူကြရတဲ့ အချိန်လေးမှ စာချုပ်ရေးကြတဲ့အချိန်အထိ ပွဲစားကောင်းမှန်ရင် စကားမမှားအောင် ထိန်းကြရပါတယ် ။ အဲ့ဒီ့အချိန်မျိုးမှာ စကားတစ်လုံးပဲမှားသွား ရင်တောင် ပွဲပျက်သွားနိုင်ပါတယ် ၊ စာချုပ်ရေးနေတဲ့အချိန်မှာ –
၁။ ဖြစ်နိုင်ရင်စကားလုံးဝမပြောကြရ
၂။ မဖြစ်တဲ့အဆုံးစကားပြောလျှင် ( အချိန်ခေတ္တစောင့်ကြရလျှင် ) အရောင်းအဝယ်နဲ့မဆိုင်တဲ့ တခြားကိစ္စရပ်တွေကိုပဲ စိတ်ပါလက်ပါပြောကြရပါတယ် ဒီလိုထိန်းလိုက်နိုင်မှသာ တည်ပြီးသားဇာတ် ပြန်မပျက်နိုင်မှာပါ ။ နောက်ထပ်တဆင့် အရေးကြီးသထက် ကြီးတာကတော့ စာချုပ်ပါ ရောင်းသူဝယ်သူတွေက “စာချုပ်ကိုလျော့ချုပ်မယ်” “တစ်မျိုးတည်းပဲချုပ်မယ်” “အမှန်တစ်မျိုး လျော့တာတစ်မျိူချုပ်မယ်” ” စရန်မှာအမှန်ပဲချုပ် ၊ ငွေပြေကျမှ တစ်မျိုးချုပ်ပါ” သူတို့စိတ်ကြိုက်ပြောကြမှာပါ ။ ရှေ့နေတွေပါလာရင်တော့ နောက်တစ်မျိုးအကြံတွေထွက်လာဉီးမှာပါ ။
“သိန်းတစ်ထောင်နဲ့အရောင်းအဝယ်ဖြစ်တဲ့စာချုပ်ကို သိန်းခြောက်ရာနဲ့ချုပ်မယ် ၊ တစ်စောင်က သိန်းတစ်ထောင်နဲ့လည်းချုပ်မယ် ” အဲ့လိုဖြစ်လာရင် သူတို့ကြိုက်တာတွေ လုပ်ကြပါစေ ၊ သူတို့ကငွေထုတ်ကြရတာမို့ အမှားအယွင်းမရှိအောင် ကြည့်လုပ်သွားကြမှာပါ အရေးကြီးတာက ပွဲစားကြီးက သက်သေလတ်မှတ်ထိုးရမယ် ဆိုရင် သိန်းတစ်ထောင်မှာ ကိုယ့်လတ်မှတ်ပါသွားပြီဆိုရင် တစ်ရက်တည်းနောက်တစ်မျိုးစာချုပ်ဖြစ်တဲ့ သိန်း ခြောက်ရာမှာ ကိုယ့်လတ်မှတ်မပါသွားဖို့ သတိကြီးစွာထားပါ ( လတ်မှတ်မထိုးရလေ ပိုကောင်းလေနော် ) အဲ့လိုနှစ်စောင်လုံးမှာသာ သတိမထားမိဘဲ လတ်မှတ် ထိုးလိုက်မိရင် ပြသနာမပေါ်ဖို့ကို ကံတရားကိုပဲအကူအညီတောင်းရတော့မှာပေါ့ ၊ ဒါကြောင့်မို့ စာချုပ်နှစ်မျိုးချုပ်ဆိုရင် တစ်မျိုးတည်းပဲ သက်သေလိုက်ကြဖို့ အကြံပြုသတိပေးလိုက်ပါတယ်ခင်ဗျာ Union House Myanmar မှ ပရိဿတ်အများအကျိုးအတွက်ဆရာကြီး ကြည်စိုး(I.C) ရေးသားသည့်အိမ်ဘုရင်၏ အိမ်ပွဲစားပညာ စာအုပ်မှ ပြန်လည်ဖော်ပြပါသည်
Join The Discussion