မြို့ပြဖွံ့ဖြိူးမှု သဘာဝဘေးနှင့် ရေခဲပြင် အရည်ပျော်မှု by sithumin January 15, 2021 General Real Estate Knowledge 0 မြို့ပြဖွံ့ဖြိူးမှု သဘာဝဘေးနှင့် ရေခဲပြင် အရည်ပျော်မှု မြို့ပြဖွံ့ဖြိူးမှု သဘာဝဘေးနှင့် ရေခဲပြင် အရည်ပျော်မှု ကမ္ဘာ့ရေခဲပြင်၏ ၉၀-ရာခိုင်နှုန်းက အန္တာတိကတိုက်တွင် တည်ရှိသည်။ကမ္ဘာ့ ရေချိုအားလုံး၏ ၇၀-ရာခိုင်နှုန်းကလည်း အန္တာတိကတိုက်တွင် တည်ရှိသည်။အန္တာတိကတိုက် ရေခဲပြင် အရည်ပျော်နှုန်းသည်(၁၉၉၉ ခုနှစ်မှ ၂၀၁၉-ခုနှစ်အထိ) နှစ်၂၀ အတွင်း၌ ပို၍လျှင်မြန်လာနေကြောင်း သိရ၏။ ထိုအကျိူးဆက်က ရာသီဥတုဖေါက်ပြန်မှုနှင့် ပြင်းထန်သော သဘာဝပြောင်းလဲမှုများ ဖြစ်ပေါ်လာစေ၏။ကမ္ဘာ့တောင်ဘက်စွန်းက အန္တာတိကတိုက်တွင် ပတ်ဝန်းကျင်ပြောင်းလဲမှုများ လေ့လာတွေ့ရှိလာရသည်။ မြို့ပြဒေသတွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုနှင့် မှီတင်းနေထိုင်ရာ သက်ရှိများအပေါ် ရိုက်ခတ်လာနေသည်။တရုတ်နိူင်ငံ၊ သိပံနှင့်နည်းပညာဝန်ကြီးငှာနရှိ အမျိူးသားရွေ့လျား အာရုံခံစင်တာက ထိုကိစ္စများကို နှစ်စဉ်အစီရင်ခံစာ၌ ဖော်ပြလေ့ရှိ၏။ထိုစင်တာ၏လေ့လာမှုများကို ၂၀၁၂-ခုနှစ်ကတည်းက စတင်ခဲ့၏။လေ့လာမှုတွင် ရာသီဥတုဆိုင်ရာ သုတေသနာများ၊ စားနပ်ရိက္ခာပြဿနာ၊မြို့ပြဖွံ့ဖြိူးတိုးတက် မှုနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များကို စုဆောင်းလာ၏။ မြန်မာနိုင်ငံတွင်လည်း မြို့ပြဖွံ့ဖြိုးမှု၊သဘာဝဘေး နှင့် ရေကြီးရေလျှံမှုဆိုင်ရာ လေ့လာမှုများ၊ကြိုတင်အစီအမံများကို ဆောင်ရွက်ကြရမည်ဖြစ်သည်။မဆောင်ရွက်နိုင်ပါက အိမ်ခြံမြေနှင့် မြို့ပြဖွံ့ဖြိုးမှုတွင် ဆိုးကျိူးဘေးဒဏ်များ ကျရောက်လာနိူင်ပါသည်။သဘာဝဘေးကြောင့် ပျက်ဆီးတိမ်ကောသွားရသော မြို့တော်ကြီးများ ကမ္ဘာပေါ်တွင် ရှိပါ၏။
Join The Discussion