ရေတံခွန်လေလား? အဆောက်အအုံလား?
အမြင့်ပေ ၃၉၇-ပေရှိသော အထပ်မြင့်တိုက်ကြီးသည် တရုတ်နိုင်ငံ၊အနောက်တောင်ပိုင်း ဂွီဆူပြည်နယ် ဂွီယန်ဒေသ၌တည်ရှီသည်။တိုက်ကြီး၏ ၃၅၅-ပေ အမြင့်၌ ရေများ အလုံးအရန်း စီးကျနေသည်။
အဝေးမှကြည့်လျှင် တိုက်နံရံတစ်ဖက်တွင် ပိုက်ပေါက်သဖြင့်ရေများ အတားအဆီးမဲ့ ထွက်ကျနေသည်ဟု ထင်ရဖွယ်ရှိသည်။သို့သော် ထိုသို့မဟုတ်၊ထူးခြားဆန်းသစ်သော အတွေးစိတ်ကူးဖြင့် ပုံဖေါ်ထားသော မြို့ပြအထပ်မြင့် တိုက်ကြီး၏ ရေတံခွန်အတုဖြစ်သည်။
ရေတံခွန်အတု၏ အောကိခြေတွင် ရေလှောင်ကန်ကြီးရှိသည်။ အားကောင်းလှသည့် ရေစုပ်စက် ၄-လုံးဖြင့် ရေများကို အပေါ်ဘက်ပြန်တင်သည်။နံရံမှစတင်ပန်းထွက်လာပြီး ရေလှောင်ကန်သို့ရောက်သည်။ရေလှောင်ကန်မှတဆင့် စုပ်တင်ပြန်သည်။
မိုးေမျှာ်တိုက်နံရံတွင် ရေတံခွန်တုကို ဖန်တီးရာ၌ အရှိန်ပြင်းပြင်းကျလာသော ရေလုံးကြီးကြောင့်၊မြေပေါ်၌ အပျက်အဆီးနည်းပါးစေရန် စဉ်းစားရသည်။နံရံတေလျှာက်တွင် ရေသည် ရေတံခွန်အစစ်လို ဖွါထွက်စီးဆင်းနေစေရန် စဉ်းစားရသည်။ရေတံခွန်ကြောင့် ဖြစ်ပေါ်လာသည့်ဆူညံသံကို လျော့ချရန် စဉ်းစားရသည်။ထို ၃-မျိူးအတွက် အခက်အခဲများကို ကျော်လွှားခဲ့ရကြောင်း ဆောက်လုပ်ရေးအရာရှိက ရှင်းပြခဲ့သည်။
Union House Myanmar Construction News
Union House Myanmar Property Website
ONE CLICK ဖြင့်လူတိုင်းအိမ်ပိုင်ဆိုင်ခွင့်ရစေရမည်
Union House Myanmar Always For All
အားလုံးအတွက်ထာဝရ Union House
Join The Discussion