နျူကလီးယားဒဏ်ကို ကာကွယ်မည့် နည်းပညာ
တောင်ကိုရီးယားနိူင်ငံသည် မြောက်ကိုရီးယားနိူင်ငံ၏ နျူကလီးယားဘေးရန်ကို အစဉ်အမြဲ စိုးရိမ်ကြောက်လန့်နေခဲ့ရသည်။တောင်ကိုရီးယား ကုမ္ပဏီ(Chumdan Bunker System)သည် အိမ်သုံး နျူကလီးယားကတုတ်ကျင်းများကို ရောင်းချပေးခဲ့သည်။တစ်လုံးလျှင် ဒေါ်လာ ၂၇၀၅၀ ဖြစ်သော်လည်း၊အရောင်းသွက်လှသည်။ဆိုလ်းမြို့တွင် အရောင်းပြခန်းဖွင့်လှစ်ထားသည်။
ကတုတ်ကျင်းတစ်ခုတွင် အိပ်ရာ ၄-ခုပါဝင်ကာ၊လူ ၁၁-ယောက်နှင့်အထက် ဝင်ဆံ့သည်။ကိုယ်ပိုင် လေသန့်စင်စနစ်ရှိသည်။စွမ်းအင်အတွက် ဆိုလာပြားများတပ်ဆင်ထားသည်။၁-လကျော် လျှပ်စစ်ဓါတ်အားပေးနိူင်သော မီးစက်များ၊ရေခဲသေတ္တာ၊ကွန်ပျူတာနှင့် မှန်ဘီလူး(အပြင်ထွက်လျှင် အန္တရာယ် ကင်းမကင်းကြည့်ရှုရန်)တို့ကိုလည်း ထားရှိပေးသည်။အာကသယဉ်များတွင် သုံးသောရိက္ခာခြောက်များ၊မိသားစုတစ်စုစာ ဓါတ်ငွေ့ကာ မျက်နှာဖုံးများနှင့် အက်ဆစ်မိုးရန်မှ ကာကွယ်သောဝတ်စုံတို့လဲ ပါဝင်သည်။
ကုမ္ပဏီက စစ်တပ်သုံးမဟုတ်ကြောင်း၊အရပ်သားသုံးအနေဖြင့် ပထမဆုံးရရှိနိူင်မည့် နျူကလီးယားဗုံးဒဏ်ခံနိူင်သော ကတုတ်ကျင်းများ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းကြေ ငြာသည်။ ကုမ္ပဏီတည်ထောင်သူ ဂိုဝမ်ဟောက ဥရောပအထိဈေးကွက်ချဲ့မည်ဟုဆိုသည်။
Union House Myanmar TechnologyNews
Union House Myanmar Property Website
unionhousemyanmar.com
ONE CLICK ဖြင့်လူတိုင်းအိမ်ပိုင်ဆိုင်ခွင့်ရစေရမည်
Union House Myanmar Always For All
အားလုံးအတွက်ထာဝရ Union House
Join The Discussion