မြို့တစ်မြို့နီးနီးလောက်ကျယ်တဲ့ India က Billionaire တစ်ဉီးရဲ့အိမ်

Please enter your username or email address. You will receive a link to create a new password via email.
မြို့တစ်မြို့နီးနီးလောက်ကျယ်တဲ့ India က Billionaire တစ်ဉီးရဲ့အိမ်
သင်ရဲ့ တစ်နေ့တာ သွားချင်တဲ့နေရာစုံကို သင့်အိမ်တစ်နေရာတည်းမှာတင်အကုန်ရှိနေတယ် ဆိုရင်သင်ဘယ်လိုခံစားရမလဲ.?
မြို့တစ်မြို့နီးနီးစာ သွားပြီးဇိမ်ခံလို့ရလောက်တဲ့ နေရာပေါင်းစုံကို အိမ်ထဲမှာတင်ရနိုင်တဲ့ အရမ်းကို ကြီးမားပြီးထူးဆန်းတဲ့အိမ်ကြီးတစ်လုံးကို အိန္ဒိယနိုင်ငံ Mumbai က ဘီလျံနာတစ်ဉီးဖြစ်တဲ့ Mukesh Ambani က ပိုင်ဆိုင်ထားပါတယ်။Mukesh Ambanuရဲ့ အိမ်ကြီးကို ဒီတစ်ခေါက်တော့ Union House Myanmar နဲ့အတူတူ သွားပြီး လည်ပတ်ကြည့်ရအောင်ခင်ဗျာ
အိမ်ရဲ့အမြင့်က 173 m ( 568 ပေ ) ရှည်လျားပြီး စတုရန်းမီတာ 400000 စတုရန်းပေ ထိကျယ်ဝန်းပါတယ်တဲ့ … အိမ်ထဲမှာတင်ပဲ ရဟတ်ယာဉ် ၃စင်း ၊ လေကြောအသွားအလာ ထိန်းသိမ်းမှု ကိရိယာ ၊ 168 စီးစာလောက်ဆန့်တဲ့ ကားဂိုဒေါင် ၊ Ballroom တစ်ခန်း နဲ့ အဆင့်မြင့်အမြန်ဆုံးသွားလာနှုန်းနဲ့သွားနိုင်တဲ့ ဓာတ်လှေကား 9 စင်း ၊ ထိုင်ခုံ 50 ဆံ့တဲ့ ပြဇာတ်ရုံ ၊ လှေကားထစ်ဉယျာဉ် ၊ ရေပူစမ်း ၊ ကျန်းမာရေးစင်တာ ၊ Spa ၊ ဘုရားကျောင်းနဲ့ နှင်းပွင့်လေးတွေကျနေတဲ့ နှင်းနံရံ တွေနဲ့ နှင်းအခန်း ဆိုပြီး ရှိသမျှ လည်ပတ်စရာနေရာအတော်များများနဲ့ အိမ်ထဲမှာတင် ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်
အပေါ်ဆုံး ၆ ထပ်ကိုတော့ Mukesh Ambani နဲ့သူ့မိသားစုတို့နေထိုင်ဖို့ လူနေအထပ်အဖြစ်သတ်မှတ်ထားတယ်လို့လည်းသိရပါတယ် အိမ်ရဲ့ အမြင့်ထည် နဲ့အကျယ်ဝန်းက တကယ့်ကို မယုံနိုင်လောက်စရာပဲနော် ဒါတင်မကသေးဘူး အဲ့ဒီ့ Antilla အဆောက်အအုံအိမ်ကြီးက ငလျင်ပြင်းအား ၈ အထိကို ခံနိုင်ရည်ရှိသေးတယ်တဲ့ တကယ့်ကို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ တည်ဆောက်ထားတဲ့ အိမ်ကြီးမို့ Union House Myanmar ရဲ့ မိတ်ဆွေတွေ အတွက် တင်ဆက်ပေးလိုက်တာပါနော်
နောက်ထပ်လည်းဒီလို ဗဟုသုတ ရစရာတွေအပြင် အိမ်ခြံမြေနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို ပါ တင်ဆက်ပေးမှာမို့ စောင့်မျှော်ဖတ်ရှူကြပါဉီးခင်ဗျာ
#UnionHouseMyanmarGeneralKnowledgenews
#UnionHouseMyanmarPropertyWebsite
ကျွန်တော်တို့ မြန်မာအများစုဟာ...
Continue readingမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...
Continue reading
Join The Discussion