တိုက်ခန်းအငှါးက အခန်းကို ပြန်လည်ပြင်ဆင်ခွင့်ရှိလား
တိုက်ခန်းငှါးရမ်း နေထိုင်သူတွေအနေနဲ့ မိမိ နေထိုင်တဲ့အခန်းကို တစ်စုံတစ်ရာ ပြုပြင်မယ်ပြောင်းလဲမယ်ဆိုရင် တိုက်ခန်း ငှါးရမ်းသူနဲ့အရင်ဆုံး တိုင်ပင်သင့်ပါတယ်။
ငှါးရမ်းစဉ် က ချုပ်ဆိုတဲ့ ကတိစာချုပ်ပါစည်းမျဉ်းချက်တွေ မှာ ပစ္စည်းတစ်စုံတစ်ရာ ပျက်စီးယိုယွင်းမှုရှိခဲ့ရင် လျှော်ကြေးပေးရမည် ၊ အိမ်အတွင်း အိမ်မွေးတိရိစ္ဆာန်မမွေးရ ၊ အိမ်ရှင်မသိအောင် ငှါးရမ်းမှုလွှဲပြောင်းတာမျိုးမလုပ်ရ စသဖြင့် ပါဝင်နေလျှင်
ငှါးရမ်းနေထိုင်သူက လိုက်နာရမည်ဖြစ်ပါတယ်။
အချိန်ကာလအနေနဲ့ တစ်နှစ်ကျော်ငှါးရမ်းနေထိုင်မယ်ဆိုရင် စာချုပ်စာတမ်းဉပဒေအရ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို လုပ်ဆောင်ရမည်ဖြစ်ပြီး ဉပဒေ ပုဒ်မ ၁၀၈ (တ) အရအိမ်အခန်းဖွဲ့တာ အကြီးစားပြင်ဆင်မှုတွေဖြစ်တဲ့ ခိုင်ခိုင်မာမာ နံရံကိုဖောက်ပြီးလုပ်တာမျိုးတွေမှာ အိမ်ရှင်ကို အကြောင်းမကြားဘဲ မလုပ်ရလို့ ပြဠာန်းထားပါတယ် ။ပုဒ်မ ၁၀၈ (ဇ) အရလည်း အိမ်ရှင်ငှါးရမ်းစဉ်က အတိုင်း အကောင်းပကတိမဟုတ်ဘဲ ငှါးရမ်းသူကြောင့်ယိုယွင်းပျက်ဆီးခဲ့လျှင် ပြန်လည်မွမ်းမံပေးရမည်ဖြစ်ပါတယ်။
ငှါးရမ်းသူအနေနဲ့ မလိုက်နာဘူးဆိုရင် အိမ်ရှင်မှ အငှါးရပ်ဆိုင်းခွင့်အပြင် ဉပဒေအရအရေးယူခွင့်ရနိုင်ပြီး အိမ်ရှင်နဲ့ တိုင်ပင်နှီးနှောပြီးမှ အသေးစား အကြီးစားပြင်ဆင်ခွင့်ကို စည်ပင်သာယာရေးကော်မတီရဲ့ခွင့်ပြုချက်အရလုပ်ဆောင်နိုင်မည်ဖြစ်ပါတယ်။
အိမ်ငှါးရမ်းလိုမှု အတွက်ဆို အမှားအယွင်းမဖြစ်စိတ်ချယုံကြည်ရစေဖို့ အိမ်ခြံမြေအကျိုးဆောင် ကျွန်တော်တို့ Union House Myanmar မှာလာရောက်ဆွေးနွေး နိုင်ပါတယ်ခင်ဗျာ။
#UnionHouseMyanmarGeneralKnowledgeNews
Union House Myanmar Property Website
Join The Discussion