author Call Us: 09503 2256

သင့်အိမ်ကို တန်ဖိုးပိုတတ်သွားစေမဲ့ လျှို့ဝှက်ချက်

သင့်အိမ်ကို တန်ဖိုးပိုတတ်သွားစေမဲ့ လျှို့ဝှက်ချက်

သင့်အိမ်ကို တန်ဖိုးပိုတတ်သွားစေမဲ့ လျှို့ဝှက်ချက်

သင့်အိမ်ကို တန်ဖိုးပိုတတ်သွားစေမဲ့ လျှို့ဝှက်ချက်

              အိမ်ရဲ့ပေါက်စေ◌ျးထက်ကို တန်ဖိုးပိုတတ်သွားစေဖို့အတွက် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ လျှို့ဝှက်ချက်ကို ဒီကနေ့မှာ ကျွန်တော်တို့ Union House Myanmar ကတင်ဆက်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ..
             အိမ်တစ်အိမ်ရဲ့ စေ◌ျးနှုန်းက နေထိုင်တဲ့သူရဲ့ ထိန်းသိမ်းမှုအပေါ်မှာလည်းမူတည်နေပါတယ် ဉပမာ သင်က သင့်ရဲ့ နေထိုင်ရာအိမ်လေးကို စေ◌ျးကောင်းကောင်းရအောင် ရောင်းချဖို့စဉ်းစားနေတဲ့သူဆိုရင်တော့ အောက်ပါအချက်တွေကို လိုက်နာပြီး အိမ်ရဲ့တန်ဖိုးကို မြှင့်တင်လိုက်ပါနော်
             အိမ်တစ်အိမ်ရဲ့ တန်ဖိုးကို ဝယ်ယူသူတွေမျက်စိကျနေနိုင်ဖို့ ဆိုတာ ပထမဆုံးသန့်ရှင်းသပ်ရပ်နေဖို့က အရမ်းအရေးကြီးသလို
– အိမ်ရဲ့အဓိက အထားအသို နဲ့အပြင်အဆင်မှာ မီးဖိုချောင်ပစ္စည်းတွေက မီးဖိုချောင်မှာပဲထားတာ ဧည့်ခန်းမှာ ထိုင်ခုံနဲ့စားပွဲတို့အပြင် အလှပန်းအိုးတစ်လုံးပဲရှိနေတာ စသဖြင့် တခြားမျက်စိရှုပ်စရာမရှိအောင် ထားသင့်ပါတယ်

– ဧည့်ခန်းမှာ ခင်းမဲ့ကော်ဇော ကို အိမ်အရောင်ကာလာနဲ့ဆက်စပ်ပြီးမှ အသုံးပြုခင်းထားသင့်သလို နံရံကပ် Wallpaper တွေ သုံးတဲ့အခါမှာလည်းရှုပ်ယှက်ခက်နေတဲ့ ဒီဇိုင်းမျိုးနဲ့အသုံးပြုပြီးခင်းကျင်းတာထပ် အဖြူရောင် ခဲရောင် စသည်ဖြင့် အရောင်ကာလာလေးတွေကမြင်ရသူကို စိတ်အေးချမ်းစေသလို အိမ်ကိုလည်းပိုမို စေ◌ျးမြင့်တဲ့အသွင်ပေါက်စေပါတယ်

– တန်ဖိုးနည်းပစ္စည်းတွေ အများကြီးရှိခြင်းထက် တန်ဖိုးကြီးပစ္စည်းအနည်းငယ်နှင့်သာ အလှဆင်ပါ ( ဉပမာ ဗီရိုတွေအများကြီးရှိနေတာထက် ဗီရိုကောင်းကောင်းတစ်လုံးနဲ့ ပစ္စည်းအတော်များများဝင်ဆံ့တာမျိုးကို အသုံးပြုသင့်ပါတယ် )

– ဖြစ်နိုင်ရင် နံရံကပ် စင်လေးတွေအသုံးပြုပါ ၊ နံရံကပ်စင်လေးတွေက ပစ္စည်းထားရတာလွယ်ကူသလို နံရံဘေးကပ်ပြီး ပစ္စည်းတွေအစီစဉ်တကျ ဖြစ်စေတာကြောင့် ကျယ်ဝန်းတဲ့အသွင်ဖြစ်စေပါတယ်

– ကိုယ်က ပြန်လည်ရောင်းချဖို့စဉ်းစားထားတယ်ဆိုပြီး အိမ်ကို မပြုပြင်ဘဲထားလိုက်တာမျိုးထက် ပြုပြင်ပြီးမှ ဝယ်သူအကြိုက်မျက်စိကျအောင် ဖန်တီးပြီးမှ ကြိုက်စေ◌ျးခေါ်တာ ယုံကြည်စိတ်ချရတဲ့ အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ပဲ ဆက်သွယ်ပြီး အရောင်းအဝယ်အတွက် ကြော်ငြာတာမျိုးက သင့်အိမ်ရဲ့တန်ဖိုးကို ပိုမိုမြင့်တတ်လာစေပါတယ်
နောက်များမှာလည်း ယခုလိုပဲ အိမ်ခြံမြေဆိုင်ရာ ဗဟုသုတမျိုးတွေတင်ဆက်ပေးဉီးမှာမို့ စောင့်မျှော်ဖတ်ရှူကြပါဉီးခင်ဗျာ ။

#UnionHouseMyanmarGeneralKnowledgeNews
Union House Myanmar Property Website
အိမ်ခြံမြေ ရောင်း၊ဝယ်၊ငှား (အခမဲ့) Data တင်ရန်နှင့် Registerလုပ်ရန်နှိပ်ပါ >>unionhousemyanmar.com
ONE CLICK ဖြင့်လူတိုင်းအိမ်ပိုင်ဆိုင်ခွင့်ရစေရမည်
Union House Myanmar Always For All
အားလုံးအတွက်ထာဝရ Union House

img

sithumin

Related posts

” မြေရှင်လက်မှတ်ရှိသူကအနိုင် ” ဆိုပြီး တရားခွင်မှာ ဘာလို့အသာစီးရလာတာလဲ ❓

...

Continue reading
admin
by admin

မီးဖိုချောင်ကို ပိုပြီးတင့်တယ်သွားစေမယ့်နည်းလမ်း (၇) ခု

  ကျွန်တော်တို့ မြန်မာအများစုဟာ...

Continue reading
admin
by admin

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်တဲ့ အိမ်ခြံမြေကို အပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း...

Continue reading
sithumin
by sithumin

Join The Discussion