အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေဒါတွေသိထားဖို့လိုမယ် အပိုင်း (၅)
အိမ်ပွဲစားတို့ မဖြစ်မနေ သိရှိရမဲ့ B.C.C နေထိုင်ခွင့်၊ အိမ်အကြီးစားအသေးစားပြင်ဆင်မှု ၊ ဂရန်သက်တမ်းတိုး ၊ ဂရန်ပျောက်ဆုံးအကြောင်းကို ပြီးခဲ့တဲ့ အပိုင်း (၄) မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ယခု တစ်ပတ်မှာတော့ အပိုင်း (၅) ကိုဆက်လက်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ ၁။မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းအဆောက်အအုံတည်ရှိရာဇုန် (နေရာ ) အတွင်းခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်ခြင်း ၊ တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း ၊ ခြံဝန်းနယ်နိမိတ် တိုးချဲ့ခြင်းတို့ မပြုလုပ်ရပါ။ (အဝယ်မှားလို့ မဖြစ်တဲ့နေရာများအဖြစ် သတိပြုပါ) ၂။အစိုးရပိုင် တိုက်ခန်းများ တိုက်ဟောင်းတွေပါ ။ ခေတ်လည်းကုန်ပါပြီ။ ပိုင်ရှင်အမည်တွေ အဆင့်ဆင့် ပြောင်းလဲလာတာလည်းများနေပါပြီ။ ပြန်ဆောက်မယ် ၊ ပြင်မယ်ဆိုရင် ဖယ်ပေးရမှာက ကိုယ်။ ဈေးသက်သာတာနဲ့ မကာမိအောင် စိတ်ညစ်ရနိုင်တယ်။ ငှားနေချင်ရင် နေ ၊ […]