ဝယ်ယူသူတို့ ၏တာဝန်နဲ့အခွင့်အရေးများ
အိမ်ပွဲစားမြေပွဲစား ပြုလုပ်မဲ့ ပွဲစားကြီးတို့အတွက် ရောင်းသူနဲ့ပနာသင့် အဆင်ပြေနေဖို့ပဲလိုအပ်ရုံမကပါဘူး ဝယ်မဲ့သူနေရာမှာလည်း ဝယ်လက်ကောင်းကောင်းရှိဖို့အရေးကြီးပါတယ် ရောင်းသူရော ဝယ်သူပါ အဆင်ပြေမှ “အရောင်းအဝယ်” ဆိုတာ ဖြစ်ကြတာပါ ။ ရှေ့တစ်ရက်မှာရောင်းသူ တို့ရဲ့တာဝန်နဲ့အခွင့်အရေးများကို တင်ဆက်ခဲ့ပြီးပြီမို့ ဒီတစ်ခေါက်မှာတော့ ဝယ်သူတို့ရဲ့ တာဝန်နဲ့အခွင့်အရေးများကို တင်ဆက်ပေးပါမယ်ခင်ဗျာ။ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၅၅အရ ဝယ်သူတို့လိုက်နာရမည့်တာဝန်များ ၁။သိရင်ပြောဝယ် ရောင်းသူက တန်ဖိုးမသိ၍ ဈေးနည်းစွာရောင်းချခြင်းကို ဝယ်ယူသူက သိရှိလျှင် ထိုအကြောင်းအရာကို ရောင်းသူအားပြောကြားရမည်။ ၂။ရောင်းပြီးအကုန်ပေး ရောင်ချခြင်းပြီးမြောက်သည့်အခါ တန်ဖိုးငွေအားလုံးကို ပေးချေရမည်။ ၃။လွှဲပြီးကိုယ်ခံ ပစ္စည်းအား ဝယ်ယူပြီးငွေပြေဖြစ်စေ (သို့) ပေးရန်ကျန်ရှိသည်ဖြစ်စေ ပစ္စည်းအားလွှဲပြောင်းလက်ခံရရှိပြီးတဲ့နောက်မှာ ပစ္စည်းထိခိုက်မှု ဆုံးရှုံးမှု နစ်နာမှု တစ်စုံတစ်ရာရှိလျှင် ဝယ်ယူသူကသာ ခံရမည်။ ၄။နောက်တော့ကိုယ်ပေး ပစ္စည်းလွှဲပြောင်းပြီချိန်မှစပြီး အခွန်အကောက်များ ၊ငှားရန်းခများကို ဝယ်သူကသာပေးချေရမည်။ ဝယ်သူက […]