အိမ်ပွဲစားလုပ်မယ်ဆိုရင် မဖြစ်မနေ ဒါတွေသိထားရမှာပါ အပိုင်း (၁)
အိမ်ခြံမြေနယ်ပယ်ထဲမှာ ကျွမ်းကျင်ပြီးကောင်းမွန်တဲ့အကျိုးဆောင်ကြီးတွေဖြစ်လာစေဖို့ရန်အတွက် အောက်ပါအချက်အလက်တွေကို မှတ်သားထားပါ။ ကျွန်တော့် ကိုယ်တွေ့ထဲမှာ အရေးကြီးဆုံးက အိမ်ခြံမြေနဲ့တိုက်ခန်းပိုင်တဲ့သူတွေ သိသင့်တဲ့အချက်တွေပါ ။ ဒါတွေကို အိမ်ခြံမြေပွဲစားကြီးတွေကလည်း ညက်ညက်ကျေအောင် သိထားသင့်ပါတယ် ၁။ လင်နှင့်မယားအတူပိုင်သည် မြန်မာဗုဒ္ဓဘာသာ လင်မယားပစ္စည်းအတူပိုင်ကြပါတယ် ။ တစ်ဦးမသိဘဲ ကျန်တစ်ဦးက လွှဲပြောင်းရောင်းချလို့မရဆိုပြီး ဓလေ့ထုံးတမ်း ဥပဒေမှာ ဆိုထားပါတယ်။ နိုင်ငံတော်အစိုးရက ချပေးထားလို့ လင်ယောက်ျားအမည်ပေါက် မြေကွက်သည်လည်း လက်ထပ်ပွားဖြစ်၍ နှစ်ဉီးပိုင်ပါတယ် ။ ဒါကြောင့် ဇနီးမောင်နှံ တို့ထံမှ အိမ်၊ ခြံ၊ မြေ ၊ တိုက်ခန်းဝယ်ရင် ဇနီးမောင်နှံ နှစ်ဉီးစလုံးရဲ့ လတ်မှတ်တွေကို ရယူထားပါ။ ၂။ သားကြီးဩရသ မိဘ လုပ်ငန်းကူညီလုပ်ကိုင်ကြသော သားကြီးဩရသနဲ့ သမီးကြီးဩရသတို့သည် အမွေစု၏ လေးပုံ တစ်ပုံ ဆိုင်သည်ကို အကြမ်းသိထားပါ […]